ဖရန့်ဖတ်ကို သေချာပေါက် အနိုင်ယူမည်ဟု ဘိုင်ယန်နည်းပြ ပြော

အိမ်ကွင်းပရိသတ်တွေ မရှိပေမယ့်  အကောင်းဆုံးခြေစွမ်းနဲ့ ဖရန့်ဖတ်ကို သေချာပေါက် အနိုင်ယူမယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဟမ်စီဖလစ်ခ်က ပြောပါတယ်။  ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်အလွန် ပထမဆုံးအိမ်ကွင်းပွဲစဉ်အဖြစ်  ဖရန့်ဖတ်အသင်းနဲ့ ဒီကနေ့ ည ၁၁ နာရီမှာ ယှဉ်ပြိုင်သွားရမှာပါ။  ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကွင်းပိတ်ကစားရမှာဖြစ်လို့ အိမ်ကွင်းပရိသတ်တွေ ကွင်းထဲမှာ မရှိပေမယ့်လည်း အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲတပွဲ သေချာပေါက်ယူမယ်လို့ ဘိုင်ယန် နည်းပြက ပြောပါတယ်။  ဖရန့်ဖတ်အသင်းဟာ ခံစစ်နဲ့ တိုက်စစ် ဟန်ချက်ညီပြီး ကိုစတစ်လို တောင်ပံကစားသမား ရှိတာကြောင့် သူတို့အသင်းရဲ့ပွဲစဉ်တွေ သေချာလေ့လာထားပြီး ဖြစ်တယ်လို့ ဘိုင်ယန်နည်းပြ ဖလစ်ခ်က ပြောပါတယ်။  ဖရန့်ဖတ်အသင်းဟာ ပြီးခဲ့တဲ့တပတ်က မိုချန်ဂလာဘက်အသင်းကို  ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အခုပွဲစဉ်မှာလည်း ဘိုင်ယန်အသင်းကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာက ခက်ခဲတဲ့ပွဲဖြစ်လာမယ်လို့ နည်းပြဟက်တာက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up