မန္တလေးမြို့ဈေးချိုအပါအဝင်း ဈေး ၇ ဈေး ပြန်လည်ဖွင့်လှစ်
DVB
·
May 22, 2020
မန္တလေးမြို့ရှိ ဈေးချိုတော် အပါအဝင် ဈေး ၇ ဈေးကို မေ ၂၂ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။
ပြန်လည်ဖွင့်လှစ်ခွင့် ရရှိတဲ့ ဈေးတွေကတော့ ဈေးချို၊ တောင်မြောက် တိုက်တန်းကြီး၊ မန်းမြန်မာ ပလာဇာ၊ ရွှေကံ့ကော်ရုံ၊ ဈေးချို ပလာဇာ၊ ရတနာပုံဈေးနဲ့ ဈေးချိုညဈေး တို့ဖြစ်ပါတယ်။
COVID-19 ရောဂါကူးစက်မှု ပြန့်ပွားနေတဲ့ အတွက် မန္တလေးမြို့ ဈေး ၄၀ ကျော်ကို မတ်လ ၂၉ ရက်နေ့က စတင်ပိတ်ထားဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက အမိန့်ထုတ်ပြန်ခဲ့တာပါ။
ပိတ်ထားတဲ့ ဈေးအချို့ နဲ့ လုပ်ငန်းအမျိုးအစားအချို့ကို မေ ၁၆ ရက်က စတင်ပြီး ပြန်လည် ဖွင့်လှစ်ခွင့်ပေးခဲ့ပေမဲ့ ဈေး ၇ ဈေးကိုတော့ မေ ၂၂ ရက်မှ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
Photo - Kaung Zaw Hein / MPA