Home
မြန်မာသတင်း
ကိုရီးယားကပြန်လာသူ ၈၅ ဦး နှစ်ကြိမ်ဆက်ရောဂါပိုးမတွေ့၍ Quarantine စင်တာမှ နေရပ်ပြန်
ညီငယ်
·
May 22, 2020
လှည်းကူးမြို့နယ် ဓမ္မမာမက သာသနာ့ရိပ်သာကျောင်းတိုက် Facility Quarantine Center မှာ ကန့်သတ်စောင့်ကြည့်နေတဲ့ ကိုရီးယားနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသား ၈၅ ဦးဟာ ၂ ကြိမ်ဆက် ရောဂါပိုး မတွေ့ရဘဲ Quarantine ၂၁ ရက်ပြည့်လို့ နေအိမ်တွေကို ဒီနေ့မနက်မှာ စပြန်နေပြီလို့ လှည်းကူးမြို့နယ်အသင်း အတွင်းရေးမှူး ကိုဗဇော်က ဒီဗွီဘီကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က ကိုရီးယားသမ္မတနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူ ၈၅ ဦးအား Quarantine ထားရှိ ဆောင်ရွက်ခဲ့ရာက မနေ့က ၂၁ ရက်ပြည့်ပြီးနောက် နေရပ်ပြန်ခဲ့ကြတာပါ။ နေရပ်ပြန်သူတွေဟာ ဓမ္မမာမက သာသနာ့ရိပ်သာကျောင်း တိုက်ဆရာတော်ကို ဂါရဝပြုနှုတ်ဆက်ခဲ့ကြပါတယ်။ ကိုရီးယာက ပြန်လာသူ ၈၅ ဦးဟာ ရန်ကုန်အပါအဝင် နယ်မြို့တွေက ဖြစ်ကြပြီး သူတို့ထဲမှာ သင်္ဘောသား ၃၀ လောက်လည်း ပါဝင်ပါတယ်။ သူတို့နေရပ်ပြန်ရာမှာ အခက်အခဲမရှိစေဖို့ Quarantine ၂၁ ရက် ပြည့်မြောက်ကြောင်း လက်မှတ်ကိုလည်း ထုတ်ပေးထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024