A d v e r t i s e m e n t With Us

ဗြိတိန်တွင် ကိုရိုနာစစ်ဆေးသည့် ပဋိပစ္စည်း ၁၀ သန်းကျော် ကျန်မာရေးလုပ်သားများကို ဖြန့်မည်

ဓာတ်ပုံ-ရိုက်တာ
ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စစ်ပေးမယ့် ပဋိပစ္စည်းစစ်ဆေးချက် ဆယ်သန်းကျော်ကို ရိုချေနဲ့ အက်ဘော့ကုမ္ပဏီကနေ ဝယ်ယူပြီး ဗြိတိန်က ကျန်းမာရေးလုပ်သားတွေဆီ လာမယ့်အပတ်  စတင်ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။  ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်ခဲ့ရတဲ့ နိုင်ငံတော်တော်များများမှာ ဒီစစ်ဆေးချက်ကို ထိရောက်တဲ့ ပဋိပစ္စည်းစစ်ဆေးချက်အဖြစ် သတ်မှတ်နေကြပါတယ်။  ဗြိတိန်ကျန်းမာရေးဝန်ကြီး မက်ဟန်းကော့ကတော့ ဒီစစ်ဆေးချက်တွေကို ကျန်းမာရေး ဝန်ထမ်းတွေ လူနာတွေနဲ့ အထူးဂရုစိုက်နေရတဲ့လူနာဇုန်ထဲက လူတွေကို စတင်ဖြန့်ဝေသွားမယ်ဆို ပါတယ်။  ဝန်ကြီးက သွေးရည်ကြည်စစ်ဆေးချက်တွေကို ကိုဗစ်-၁၉ ရှိတဲ့ မည်သည့်လူနာကိုမဆို စစ်ဆေးပေးသွားမှာဖြစ်ပြီး ဓာတ်ခွဲခန်းသွားစရာမလိုဘဲ မိနစ်နှစ်ဆယ်အတွင်း စစ်ဆေးပေး နိုင်တယ်လို့  ပြောထားတာကို  ရိုက်တာသတင်းက ဖော်ပြထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up