မကွေးတိုင်းက ရေရှားပါးသည့်ကျေးရွာများအတွက် ရေဂါလန် ၉ သိန်းကျော်လှူဒါန်း

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၃ မြို့နယ်က သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေမှာ ကျေးလက်မြေပရဟိတအဖွဲ့က ပြည်တွင်း၊ ပြည်ပရှိအလှူရှင်တွေနဲ့ချိတ်ဆက်ပြီး အခုနှစ်နွေရာသီကာလ ရေဂါလန်ပေါင်း  ၉၀၀,၀၀၀ ကျော် လှူဒါန်းပေးခဲ့ပါတယ်။ မကွေးမြို့နယ်၊ နတ်မောက်မြို့နယ်နဲ့ မြို့သစ်မြို့နယ်တွေက သောက်သုံးရေရှားပါးတဲ့ ကျေးရွာ ၁၅ ရွာအတွက် အလှူရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး ရေဂါလန် ၉၀၀၀၀၀ ကျော်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ရေဂါလန် ၆၀၀၀ ကို ၁၂၀၀၀၀ ကျပ်နှုန်းနဲ့  စုစုပေါင်း ကျပ်သိန်း ၁၈၀ ကျော်ဖိုး ကုန်ကျတယ်လို့ ကျေးလက်မြေပရဟိတအဖွဲ့ ဦးဆောင်သူ ကိုဇော်မင်းထိုက်က ပြောပါတယ်။  “COVID-19 ကာလ သောက်သုံးရေလှူဒါန်းတဲ့အခါမှာလည်း တဦးနဲ့တဦး ၆ ပေအကွာ Social Distancing စနစ်နဲ့ နှာခေါင်းစည်း Mask တွေ အခမဲ့ဝေငှပေးပြီးမှ လှူဒါန်းပေးတာပါ။ ဒါ့အပြင် ကျေးလက်မြေ ပရဟိတအဖွဲ့အနေနဲ့ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အတွင်းကကျေးရွာတွေမှာ ကျပ်သိန်းပေါင်း  ၇၀၀၀  ကျော် အကုန်ကျခံကာ စက်ရေတွင်းပေါင်း  ၄၇ တွင်း တူးဖော်ပေးနိုင်ခဲ့တယ်” လို့ ကိုဇော်မင်းထိုက်က ပြောပါတယ်။ မကွေးတိုင်းဟာ မြန်မာနိုင်ငံမှာ အပူချိန်အမြင့်မားဆုံးတိုင်းဒေသကြီးဖြစ်ပြီး နှစ်စဉ် နွေရာသီ​သောက်သုံးရေ ရှားပါးတဲ့ပြဿနာနဲ့ရင်ဆိုင်နေရလို့ ဌာနဆိုင်ရာတွေ၊ ပရဟိတအဖွဲ့တွေက အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး သောက်သုံးရေလှူဒါန်းတာတွေ၊ စက်ရေတွင်းတူးဖော်တာတွေ ဆောင်ရွက်ပေးနေပါတယ်။ သတင်း-မင်းထီး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up