Home
မြန်မာသတင်း
မိုးကောင်းမြို့နယ်တွင် ကျပ် သိန်း ၁၇၀ ကျော် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
May 22, 2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပင်းဘော ကျေးရွာအုပ်စု တောင်နီကျေးရွာမှာ မေလ ၂၁ ရက်က မနက်က အမျိုးသမီးတဦးဆီကနေ ကျပ်သိန်း ၁၇၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ ပင်းဘောနယ်မြေရဲစခန်းက သိရပါတယ်။ ဖြစ်စဉ်မှာ မိုးညှင်းမူးယစ်တပ်ဖွဲ့ ၃ မှ ရဲအုပ်နေလင်းထွန်း ဦးဆောင်တဲ့အဖွဲ့၊ ပင်းဘောနယ်မြေရဲစခန်းမှ ဒုတပ်ကြပ် အောင်ရဲကျော် နဲ့ သက်သေတွေ ပါဝင်တဲ့အဖွဲ့တွေက မူးယစ် သတင်းအရ တောင်နီကျေးရွာနေ ဒေါ်ခိုင်ခိုင်ဦး (ခ) မခိုင်ရဲ့နေအိမ်ကို ဝရမ်းနဲ့ ဝင်ရောက်ရှာဖွေရာမှ ဖမ်းဆီးမိခဲ့တာပါ။ ဘိန်းစိမ်း အမည်းရောင် အစေးခဲ (အစို) ၆၀၀ ဂရမ်လောက်၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါကြား ၁၀ ဂရမ်ခန့်ပါ ရောင်စုံ ဆပ်ပြာခွက် ၂၀ ခွက်အတွင်းက စုစုပေါင်းအလေးချိန် ၂၀၀ ဂရမ်ခန့် ဖမ်းဆီးရခဲ့မိတာပါ။ အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိတဲ့ ဒေါ်ခိုင်ခိုင်ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဥပဒေပုဒ်မ ၁၉ (က) အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024