ဓာတ်ခွဲနမူနာ ၆၀၀ ကျော် စစ်ဆေးချက်အရ ရောဂါပိုးမတွေ့၊ ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၁၀၈ ဦးရှိ

ဓာတ်ခွဲနမူနာ ၆၀၀ ကျော်ကို စစ်ဆေးချက်အရ ရောဂါပိုးမတွေ့ရဘဲ နှစ်ကြိမ်ဆက် ရောဂါပိုး မတွေ့ရသူ ၁၀၈ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က မေ ၂၁ ရက်နေ့အတွက် ဒုတိယအသုတ်ဓာတ်ခွဲနမူနာ ၂၇၉ ခုကို ဒီနေ့မနက်အစောပိုင်း  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၉၉ ဦး၊  သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်ပါတယ်။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း ၁၀၈ ဦးမှာ (၂) ကြိမ် ဆက်တိုက် ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။ မေ ၂၁ ရက် နေ့လယ်ပိုင်းအထိ စောင့်ကြည့်လူနာသစ် ၃၈ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မေ ၂၁ ရက်နေ့အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးမှုတွေကို ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၆၀ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၄၆၇ ခု၊ စုစုပေါင်း ၆၂၇ ခုတို့ကို စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up