ဟုမ္မလင်းနှင့် ကလေးဝမြို့တို့တွင် မြေငလျင် လှုပ်ခတ်
DVB
·
May 22, 2020
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နဲ့ ကလေးဝမြို့တို့မှာ မနေ့ညနဲ့ ဒီနေ့မနက်အစောပိုင်းတို့မှာ မြေငလျင်အသီးသီး လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၄ နာရီ၊ ၂၆ မိနစ်၊ ၄၅ စက္ကန့်အချိန်က တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၇၄ မိုင်ခန့်ကွာဝေးတဲ့ ဟုမ္မလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၆ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၆ ဒီဂရီ၊ အနက် ၉၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ည ၁၁ နာရီကျော်လောက်ကလည်း ကန့်ဘလူမြေငလျင်စခန်းမှ အနောက်ဘက် ၆၃ မိုင်ခန့်ကွာဝေးတဲ့ ကလေးဝမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၃.၁၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၅၃ ဒီဂရီ၊ အနက် ၄၆ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။