ဘောလုံးစွမ်းရည်ပြနိုင်မည့် MPT Freestyle Football Challenge အွန်လိုင်း ပြိုင်ပွဲကျင်းပမည်

ဓာတ်ပုံ-မြန်မာနေရှင်နယ်လိဂ်ဖေစ်ဘုတ်
မြန်မာ့ဘောလုံးဝါသနာရှင်တွေ အိမ်မှာ နေထိုင်စဉ်ကာလ မိမိတို့ရဲ့ ဘောလုံးစွမ်းရည်တွေကို ပြနိုင်မယ့်  “MPT Freestyle Football Challenge ” အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို ကျင်းပသွားမယ်လို့  MPT က မေလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ COVID-19 ကာလအတွင်း ကျန်းမာရွှင်လန်းတက်ကြွတဲ့ လူနေမှုဘဝပုံစံအတွက် စိတ်ဓာတ်ခွန်အား မြင့်တက်လာစေဖို့ ဒီပြိုင်ပွဲကို ရည်ရွယ်ကျင်းပတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။   ဒီပြိုင်ပွဲမှာ ပါမယ့် ပြိုင်ပွဲဝင်တွေဟာ သူတို့ရဲ့ ဘောလုံးစွမ်းရည်ကို (နမူနာဗွီဒီယိုပါအတိုင်း) ရိုက်ကူးထားသော ယှဉ်ပြိုင်ကစားမှုဗွီဒီယိုကို MPT ရဲ့  ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်  http://mptfreestylefootball.com မှာ တင်ကာ ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။   အဲဒီ ပြိုင်ပွဲပေါ်တယ် ဝက်ဘ်ဆိုက်ကိုတော့ မေလ ၂၂ ရက်၊ နေ့လည် ၁၂ နာရီမှာ စတင်အသုံး ပြုနိုင်မှာ ဖြစ်တယ်လို့ MPT က ကြေညာပါတယ်။ ပြိုင်ပွဲဝင်တွေဟာ  မေလ ၂၃ ရက်က စလို့ MPT ဆင်းမ်ကတ်နဲ့ သက်ဆိုင်ရာ ကိုယ်ရေး အချက်အလက် ဖြည့်သွင်းပြီး အနည်းဆုံး စက္ကန့် ၃၀ နဲ့ အများဆုံး ၃ မိနစ် ရှိတဲ့ ပြိုင်ပွဲဝင် ဗွီဒီယိုကို  ပြိုင်ပွဲပေါ်တယ်ဝက်ဘ်ဆိုက်ကိုတင်ရမှာ ဖြစ်တဲ့အပြင် မိမိရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အ ကောင့်မှာလည်း Hashtag(#MPTFreestyleFootballChallenge) နဲ့ Public post တင်ရမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားမှုဗွီဒီယိုဖိုင်တွေကိုတော့ ဇွန်လ ၁၂ ရက်အထိ တင်သွင်းနိုင်မှာဖြစ်ပြီး အနိုင်ရရှိသူတွေကို  ဇွန်လ ၁၉ ရက်တွင် ကြေညာပေးမယ်လို့ သိရပါတယ်။  အခုကျင်းပမယ့် အွန်လိုင်းဗွီဒီယိုပြိုင်ပွဲကို  မြန်မာနေရှင်နယ်လိဂ် MNL နဲ့ ပူးပေါင်းကျင်းတာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်သူတွေကို  မျိုးလှိုင်ဝင်းနဲ့ စိုးမြတ်မင်းတို့ အပါအဝင် နာမည်ကြီး ဘောလုံးကစားသမားတွေက အကဲဖြတ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ပြိုင်ပွဲ စည်းမျဉ်  စည်းကမ်းတွေကို https://www.mpt.com.mm/en/home/ promotion/ mpt-free-style-football/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up