ဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချမည်ဟု မဟာသီယာ ကြွေးကြော်

ဓာတ်ပုံ-ရိုက်တာ
မလေးရှားဝါရင့်နိုင်ငံရေးသမားကြီး ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမတ်က သူ့အနေနဲ့ လက်ရှိဝန်ကြီးချုပ် မူဟစ်ဒင်ယက်ဆင်ကို ဖြုတ်ချဖို့ နည်းလမ်းမှန်သမျှ ရှာဖွေသွားမယ်လို့ ပြောလိုက်ပါတယ်။ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာဟာ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကမှ ဝန်ကြီးချုပ်ရာထူးက ဆင်းပေးခဲ့ပါတယ်။  ဒါပေမဲ့ သူက သက်တမ်းနှစ်လခွဲသာရှိသေးတဲ့ ဝန်ကြီးချုပ်ယက်ဆင်ရဲ့ UMNO ပါတီနဲ့ ညွှန့်ပေါင်းဖွဲ့ထားတဲ့အစိုးရကို ဝေဖန်ပါတယ်။ မလေးရှားအစိုးရဟာ ဒီအပတ်အစောပိုင်းမှာပဲ မဟာသီယာက တင်သွင်းတဲ့ အယုံအကြည်မ ရှိ အဆိုကို ရှောင်ရှားခဲ့ပြီး ပါလီမန်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ စီးပွားရေးကျဆင်းမှုကို ကုစားဖို့ လိုတယ်လို့ အကြောင်းပြခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိတဲ့ မလေးရှားဟာ မေလ ၂၁ ရက်အထိ COVID-19 အတည်ပြုလူနာ ၇၀၀၀ ကျော်ရှိပြီး ပြန်ကောင်းလာသူက ၅၇၀၀ ကျော်ရှိထားတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြထားပါတယ်။ 

More News
Up