Homeမြန်မာသတင်း
အတ္တရံမြစ်ရေတင် စီမံကိန်း ၆၀ ရာနှုန်းပြီးစီး၊ ယခုနှစ်တွင်း မော်လမြိုင်ကို သောက်သုံးရေ စဖြန့်မည်
အတ္တရံမြစ်ရေတင် စီမံကိန်း ၆၀ ရာနှုန်းပြီးစီး၊ ယခုနှစ်တွင်း မော်လမြိုင်ကို သောက်သုံးရေ စဖြန့်မည်
DVB
·
May 21, 2020
အတ္တရံမြစ်ရေတင် စီမံကိန်းဟာ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးသွားတဲ့အတွက်ကြောင့် မွန်ပြည်နယ်မြို့တော် မော်လမြိုင်ကို အခုနှစ်အတွင်း သန့်စင်တဲ့ သောက်သုံးရေတွေ ဖြန့်ဝေပေးနိုင်တော့မယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။
မော်လမြိုင်မြို့ကို ရွှေနတ်တောင်ဆည်၊ ကင်းမွန်ချုံဆည်နဲ့ အတ္တရံမြစ်ရေတင် စီမံကိန်းတွေက ရေဖြန့်ဝေပေးနေတာပါ။ အဲဒီလို ရေဖြန့်ဝေရာမှာ ရွှေနတ်တောင်ဆည်နဲ့ ကင်းမွန်ချုံဆည်ဟာ နွေရာသီကာ လမှာ ရေခမ်းခြောက်မှုနဲ့ နှစ်စဉ်ကြုံတွေ့နေရတာပါ။
မော်လမြိုင်ကို နေ့တိုင်း ရွှေနတ်တောင်ဆည်၊ ကင်းမွန်ချုံဆည်နဲ့ အတ္တရံမြစ်ရေတင် စီမံကိန်းတွေကနေ ရေဂါလံ ၅၅ သိန်း ထုတ်လုပ်ဖြန့်ဝေနေတာပါ။
ဒါပေမယ့် အခုအခါမှာတော့ အတ္တရံမြစ်ရေတင် စီမံကိန်းကို ပြန်လည် အဆင့်မြှင့်တဲ့ လုပ်ငန်း တစ်ခုတည်းကနေ သန့်စင်တဲ့ သောက်သုံးရေ ဂါလံ ၄၃ သိန်းကို နေ့စဉ် ထုတ်လုပ်လာနိုင်မှာ ဖြစ်ပါတယ်။
သတင်း-ဇော်လွင်ထွဋ်