ဘူးသီးတောင်တွင် Quarantine ဝင်နေသူ ၁၀ ဦး COVID -19 ရောဂါပိုးမတွေ့ရှိ
DVB
·
May 21, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ Quarantine ဝင်နေသူ ၁၀ ဦးကို COVID -19 အရေးပေါ်ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှာ အားလုံး Negative အဖြေတွေ့ရပြီး ရောဂါပိုးမတွေ့ရှိဘူးလို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။
"အရေးပေါ်ဓာတ်ခွဲစစ်ဆေးသူတွေအားလုံး ပိုးမတွေ့ရပါ။ အားလုံး Negative ဖြစ်ပါတယ်။ မနေ့က ည ၇ နာရီမှာ ထုတ်ပြန်တဲ့ ဓာတ်ခွဲစစ်ဆေးချက် အဖြေကိုသိရတာပါ။ ဒီအထဲမှာ Hospital Quarantine ထားရှိသူ ၃ နဲ့ Facility Quarantine ၇ ဦး ပါဝင်ပါတယ်။"
Hospital Quarantine ထားရှိသူ ၃ ဦးမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ COVID- 19 ရောဂါပိုးတွေ့ရှိသူ လူနာနံပါတ် ၁၈၂ နဲ့အတူ မလေးရှားနိုင်ငံမှ ပြန်လာတဲ့သူတွေဖြစ်ပြီး ဘူသီးတောင်မြို့က အမျိုးသား ၂ ဦးနဲ့ မောင်တောမြို့က အမျိုးသား ၁ ဦး တို့ ပါဝင်ပါတယ်။
ကျန် ၇ ဦးကတော့ ရန်ကုန်ကနေ ပြန်လာသူတွေဖြစ်ကြပြီး Facility Quarantine အဖြစ် အသွားအလာကန့်သတ်ထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။
သူတို့ရဲ့ အာခေါင်နဲ့ နှာခေါင်းတို့ပတ် ဓာတ်ခွဲနမူနာကို မေလ ၁၈ ရက်က အမျိုးသားဓာတ်ခွဲခန်းရန်ကုန်သို့ ပို့ဆောင်ထားခဲ့တာဖြစ်ပြီး မေလ ၂၀ ရက်ညမှာ ပိုးမတွေ့ရှိရကြောင်း အဖြေသိရှိခဲ့တာ ဖြစ်ပါတယ်။
လင်းလက်