Home
မြန်မာသတင်း
ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် ၂၃ ဦး Quarantine ဝင်နေရ
DVB
·
May 20, 2020
ကရင်ပြည်နယ်မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့  အတည်ပြုလူနာနဲ့ ဆက်စပ်မှုရှိခဲ့တဲ့ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ၂၃ ယောက်ကို Quarantine ထားရှိပြီး ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ မေ ၁၈ ရက်က ဘားအံမြို့ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမှာ Quarantine ဝင်ရောက်နေသူ ၂ ယောက်မှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ဆက်စပ်ခဲ့သူ ၂၃ ယောက်ကို မိုးကုတ်တရားစခန်းက Quarantine စခန်းမှာ ထားရှိတာပါ။ ဘားအံမြို့နယ် မိခင်နှင့်ကလလေး ကျန်းမာရေးဌာနမှ ဒေါ်နန်းစုမာလေးက “အဓိက ကတော့ သူတို့ကို လေဆိပ်ကနေပြီး ကြိုလာတာ။ အဲဒီကနေထိတွေ့ခဲ့တဲ့ လူတွေ။ ပြီးလို့ရှိရင် Camp ထဲကနေစောင့်ကြည့်ပြီးတော့ ထိတွေ့ခဲ့တဲ့လူနာတွေကို ဒီ Camp ထဲမှာ စောင့်ကြည့်အနေနဲ့ ထားတာဖြစ်တယ်။ လက်ရှိကတော့ ကျန်းမာရေးကောင်းတယ်”လို့ ပြောပါတယ်။ စောင့်ကြည့်လူနာတွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ကိုယ်ပူချိန်တိုင်းတာတာတွေ၊ ချောင်းဆိုး၊ နှာစီးတာတွေ ရှိမရှိနဲ့ တွေ့ရှိခဲ့ရင် သီးသန့်ထားရှိပြီး စောင့်ကြည့်သွားမှာဖြစ်သလို ဓာတ်ခွဲနမူနာတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနကို ပေးပို့ထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ Quarantine စခန်းမှာ ရဲတပ်ဖွဲ့ဝင် ၁၃ ယောက်၊  စေတနာ့ဝန်ထမ်း ၂ ယောက်၊ ထွေအုပ်ဝန်ထမ်း ၆ ယောက်၊ လျှပ်စစ်ဝန်ထမ်း ၂ ယောက်၊ မော်တော်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့ဖြစ်ပါတယ်။ မေ ၁၈ ရက်နေ့က ပိုးတွေ့အတည်ပြုလူနာတွေဟာ မလေးရှာနိုင်ငံကနေ ပြန်လည် ဝင်ရောက်လာသူ ၁၆ ယောက်ထဲက COVID-19 ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ဘားအံပြည်သူ့ဆေးရုံကြီး သီးသန့်လူနာဆောင်ကို  ပြောင်းရွေ့ပြီး ဆေးကုသမှု ခံယူနေရပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024