Home
မြန်မာသတင်း
ဝက်ထီးကန် ဘိန်းဖြတ်စခန်းကို COVID-19 ရောဂါ ငြိမ်သက်ချိန် ပြန်ဖွင့်မည်
မင်းညို
·
May 20, 2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဝက်ထီးကန်မြို့မှာရှိတဲ့ ဘိန်းဖြတ်စခန်းကို COVID-19 ကပ်ရောဂါ ကင်းစင်သွားတဲ့ အချိန်မှ ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ အရင်က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဝက်ထီးကန်ဘိန်းဖြတ်စခန်းလို့ လူသိများတဲ့ ရွှေပြည်သာပြန်လည်ထူထောင် ရေးစခန်းကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလက လူကယ်ပြန်ဝန်ကြီးဌာနကို  လွှဲပြောင်းပေးခဲ့တာပါ။  အဲဒီလို လွှဲပြောင်းရာမှာ အဆောက်အအုံတွေ မပါတာကြောင့် ပြန်လည်တည်ဆောက်ခဲ့ရာ မှာ မကြာခင်ပြီးစီးတော့မှာဖြစ်ပြီး COVID-19 ရောဂါ အခြေအနေ ငြိမ်သက်သွားတဲ့ အချိန်မှာ ပြန်လည်ဖွင့်လှစ်မှာပါ။  အခု အသစ်စတင်တော့မယ့် သင်တန်းက သင်တန်းကာလ ၃ လ နဲ့ သင်တန်းသား ၄၀ အထိ  ကုသပေးနိုင်မှာဖြစ်ပါတယ်။  အရင်က ဆေးလာဖြတ်သူတွေက  ကိုယ့်စရိတ်နဲ့ ကိုယ်လာဖြတ်ရတာ ဖြစ်ပေမယ့် အခုကတော့ နိုင်ငံတော်စရိတ်နဲ့ ကုသပေးသွားမှာဖြစ်ပါတယ်။ မင်းညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024