ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး Quarantine ဝင်
DVB
·
May 20, 2020
COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၉၁ နဲ့ထိတွေ့ခဲ့တဲ့ သတင်းထောက် ၂ ဦး ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ မနေ့ညနေက Quarantine စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။
အဆိုပါသတင်းထောက်နှစ်ဦးမှာ Delta News Agency မှ သတင်းထောက် ကိုမျိုးစံစိုး နဲ့ MNTV က သတင်းထောက် ကိုရဲသွေးနီတို့ ဖြစ်ကြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့ မနက် ၇ နာရီ ထုတ်ပြန်တဲ့ COVID-19 ရောဂါပိုးတွေ့ရှိ လူနာစာရင်းမှာ ဧရာဝတီတိုင်းက တဦး ပါဝင်လာပြီးနောက် ယင်းလူနာနဲ့ ထိစပ်ခဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့် quarantine ထားရှိရာမှာ ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး လည်း ပါဝင်တာ ဖြစ်ပါတယ်။
Photo - Min Htet Mone / MPA