ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး Quarantine ဝင်

COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့  လူနာအမှတ် ၁၉၁ နဲ့ထိတွေ့ခဲ့တဲ့ သတင်းထောက် ၂ ဦး ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ မနေ့ညနေက  Quarantine စတင်ဝင်ရောက်နေပြီ ဖြစ်ပါတယ်။ အဆိုပါသတင်းထောက်နှစ်ဦးမှာ Delta News Agency မှ သတင်းထောက် ကိုမျိုးစံစိုး နဲ့ MNTV က သတင်းထောက် ကိုရဲသွေးနီတို့ ဖြစ်ကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၉ ရက်နေ့ မနက် ၇ နာရီ ထုတ်ပြန်တဲ့ COVID-19 ရောဂါပိုးတွေ့ရှိ လူနာစာရင်းမှာ ဧရာဝတီတိုင်းက တဦး ပါဝင်လာပြီးနောက် ယင်းလူနာနဲ့ ထိစပ်ခဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့် quarantine ထားရှိရာမှာ ပုသိမ်အခြေစိုက် သတင်းထောက် ၂ ဦး လည်း ပါဝင်တာ ဖြစ်ပါတယ်။ Photo - Min Htet Mone / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up