ဆောင်းတွင်းကာလ၌ ကိုရိုနာဗိုင်းရပ်စ် အရှိန်ပြန်တက်နိုင်ဟု အင်္ဂလန် ဆေးဘက်ဆိုင်ရာအရာရှိ ပြော

1.2K
ရေရှည်မှာ ကိုရိုနာဗိုင်းရပ်စ်ကို သည်းညည်းခံနိုင်အောင် သင်ယူလေ့လာရနိုင်တယ်လို့ ဗြိတိန်အစိုးရ အကြံပေးတဦးက မေ ၁၈ ရက်မှာ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ပတ်သက်ပြိး အစိုးရ ပြင်ဆင်မှုအပိုင်းကို မေးမြန်းရာမှာ အင်္ဂလန်ရဲ့ ဆေးဘက်ဆိုင်ရာ ဒုတိယအကြီးအကဲ ဂျွန်နသန်ဗန်သန်က ဆောင်းဦးနဲ့ ဆောင်းတွင်းကာလမှာ ကိုရိုနာဗိုင်းရပ်စ် အရှိန်ပြန်တက်နိုင်တဲ့အခြေအနေ ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် ကာကွယ်ဆေးမရခင်အချိန်အထိ လပေါင်းများစွာ ကိုရိုနာဗိုင်းရပ်စ်ကို သည်းခံရနိုင်တယ်လို့ ဂျွန်နသန်ဗန်သန်က ပြောခဲ့ပါတယ်။
အသက် ၅ နှစ်အထက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်လက္ခဏာဖော်ပြတဲ့ ဘယ်သူမဆို ဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးခွင့်ပြုတဲ့ အစီအစဉ်ကို မေ ၁၈ ရက်မှာ တိုးချဲ့လိုက်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ကြေညာခဲ့ပါတယ်။
ဗြိတိန်မှာ မေ ၁၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၄,၀၀၀ ကျော်ရှိပြီး ကူးစက်သူက ၂၄၀,၀၀၀ ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။