Home
မြန်မာသတင်း
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက် ကျပ်သန်းပေါင်း ၃၃ သိန်းကျော်ကို ရှမ်းပြည်နယ် လွှတ်တော်အတည်ပြု
DVB
·
May 19, 2020
ရှမ်းပြည်နယ်ရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူး အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။  အထူးအစည်းအဝေးမှာ COVID-19 ကာလဖြစ်တဲ့အတွက် ရှမ်းပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဆွေးနွေးခြင်းအပြင် တစ်ခြားအဆိုတင်ခြင်း၊ မေးခွန်းမေးမြန်းခြင်းတွေ မရှိပါ။ အစည်းအဝေးမှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့တင်သွင်းတဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်ရသုံးမှန်းခြေအငွေစာရင်းလျာထားချက်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ ဦးဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။ လက်ရှိရှမ်းပြည်နယ်လွှတ်တော်ကအတည်ပြုတဲ့ အစိုးရနောက်ဆုံး လျာထားတဲ့ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေး နှစ်ရသုံးမှန်းခြေငွေစာရင်းမှာ မျှတမှု၊ ပွင့်လင်းမြင်သာမှု တွေမရှိဘူးလို့ နမ်းဆန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်  ဦးအောင်ထွန်းက ပြောပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က နှစ်စဉ် လျာထားတဲ့ ရသုံးမှန်းခြေငွေစာရင်းဟာ ဝန်ကြီးတွေရှိတဲ့ မြို့မှာ ဘတ်ဂျက် ပိုချပေးတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် တွေကဝေဖန်ကြပါတယ်။ ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ၂၀၂၀-၂၀၃၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းလျာထားချက်ကို ပြည်ထောင်စုဘဏ္ဍာရေး ကော်မရှင်ထံသို့ ပေးပို့သွားမှာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးမှန်းခြေ ဘဏ္ဍာငွေစာရင်းလျာထားချက်မှာ သာမန်ရငွေ ကျပ်သန်းပေါင်း ၅၀,၀၀၀ ကျော်၊ ငွေလုံးငွေရင်းရငွေ ကျပ်သန်း ၀ ဒသမ ၀၂၀ သန်း၊ သာမန်သုံးငွေ ကျပ်သန်းပေါင်း ၁ သိန်းကျော်၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်းသန်းပေါင်း ၂ သိန်းကျော်၊ စုစုပေါင်းသုံးငွေ ကျပ်သန်းပေါင်း ၃၃ သိန်းကျော် လျားထားတာဖြစ်ပါတယ်။ သတင်း- ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024