A d v e r t i s e m e n t With Us

ကမ္ဘာ့အွန်လိုင်းလူကြည့် အများဆုံးစာရင်းတွင် ONE Championship စတုတ္ထနေရာ ရပ်တည်

နာမည်ကျော် အားကစားပြိုင်ပွဲတွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အွန်လိုင်းလူကြည့် အများဆုံးစာရင်းမှာ ONE Championship က စတုတ္ထနေရာက ရပ်တည်နေပါတယ်။ အောင်မြင်မှုအသီးအပွင့်တွေရရှိနေပြီဖြစ်တဲ့ ONE Championship ဟာ ၂၀၁၉ ခုနှစ်အတွင်း အွန်လိုင်းကနေ လူကြည့်အများဆုံး အားကစားပြိုင်ပွဲ၊ အားကစားအဖွဲ့အစည်း စာရင်းမှာ နာမည်ကျော်အားကစားပြိုင်ပွဲတွေ၊ အဖွဲ့အစည်းတွေကို ကျော်ဖြတ်ကာ ကမ္ဘာ့အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Tubular Labs က သုတေသနပြုလုပ် ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ကမ္ဘာတဝန်း အွန်လိုင်းလူကြည့်အများဆုံး ထိပ်ဆုံး ၅ နေရာအတွင်း ကိုယ်ခံပညာရပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်း ၃ ခုအထိ ပါဝင်နေပါတယ်။ Tubular Labs က ၂၀၁၉ ခုနှစ်အတွင်း အွန်လိုင်းမီဒီယာတွေ ဖြစ်တဲ့ YouTube၊ Facebook၊ Instagram အပါအဝင် အခြားသော လူမှုကွန်ရက်တွေကနေ လူကြည့်အများဆုံး အားကစားပြိုင်ပွဲစာရင်းကို ထုတ်ပြန်ပေးခဲ့တာပါ။ ထိပ်ဆုံးမှာရှိနေတာက WWE နပန်းပြိုင်ပွဲဖြစ်ပြီး ပရိသတ် ၁၄ ဒသမ ၆ ဘီလီယံက အွန်လိုင်းကနေ ကြည့်ရှုခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ အမေရိကန် NBA ဘတ်စကက်ဘော ပြိုင်ပွဲက ၁၀ ဒသမ ၃ ဘီလီယံနဲ့ ရပ်တည်လျက်ရှိကာ အမေရိကန် ဖွတ်ဘောလိဂ်က ၆ ဘီလီယံနဲ့ တတိယနေရာမှာ ရှိနေပါတယ်။  ONE Championship က စတုတ္ထနေရာမှာ ရပ်တည်နေပြီး ၂၀၁၉ ခုနှစ် တနှစ်တည်းမှာပဲ စိတ်လှုပ်ရှားစရာပြိုင်ပွဲတွေကို အွန်လိုင်းက စောင့်ကြည့်သူအရေအတွက်က ၅ ဒသမ ၆ ဘီလီယံ ရှိပါတယ်။ UFC က အွန်လိုင်းစောင့်ကြည့်သူ ၃ ဒသမ ၈ ဘီလီယံနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီစာရင်းကို ပြုစုထုတ်ပြန်နိုင်ဖို့အတွက် Tubular Labs ဟာ ကမ္ဘာအနှံ့ အားကစားပြိုင်ပွဲ ၅၀၀၀ ကျော်ကို စောင့်ကြည့်ကာ စနစ်တကျစာရင်းပြုစုပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။  ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲက ၃ ဒသမ ၇ ဘီလီယံနဲ့ အဆင့် ၆ မှာရပ်တည်နေပြီး ICC က ၂ ဒသမ ၈ ဘီလီယံ၊ လီဗာပူးအသင်းက ၂ ဒသမ ၇ ဘီလီယံ၊ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲက ၂ ဒသမ ၄ ဘီလီ ယံ၊ အင်္ဂလန်ပရီးမီးယားလိဂ်က ၂ ဒသမ ၂ ဘီလီယံ၊ မန်ချက်စတာယူနိုက်တက်အသင်းက ၁ ဒသမ ၉ ဘီလီယံ၊ ဘာစီလိုနာအသင်းက ၁ ဒသမ ၉ ဘီလီယံနဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။  One Championship ဥက္ကဋ္ဌ ချက်ထရီက “ဒီနေ့မှာတော့ ONE Championship ဟာ အာရှအကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းကြီး ဖြစ်နေသလို ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်ကို တိုက်ရိုက်ပြသနေပါတယ်။ ကမ္ဘာပေါ်က အားကစားမီဒီယာအဖွဲ့အစည်းတွေ သမိုင်းကြောင်းကိုကြည့်ရင် ONE Championship က စံချိန်အားလုံးကို ချိုးဖျက်ကာ အလျင်မြန်ဆုံး ဖွံ့ဖြိုးကြီးထွားလာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လာတာ အထင်အရှားပါပဲ” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up