အမ်ဘာပေနှင့် ဟာလန်းတို့ကို ခေါ်ယူနိုင်ရန် ရီးရဲလ် ပစ်မှတ်ထား

ဓာတ်ပုံ - ဂတ်တီအင်းမေ့ချ်၊ ရိုက်တာ
စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေနဲ့ ဟာလန်းကို ခေါ်ယူပြီး အကောင်းဆုံး တိုက်စစ်အတွဲ ဖြစ်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။  စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ စီရော်နယ်ဒိုကို လက်လွှတ်လိုက်ရပြီးနောက် အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အားဖြည့်လိုနေတယ်လို့ ဆိုပါတယ်။ အရင်တုန်းက ဘေးလ်၊ ဘင်ဇီမာနဲ့ စီရော်နယ်ဒို ကစားခဲ့တဲ့ BBC တိုက်စစ်အတွဲလို ဖြစ်လာဖို့အတွက် အသင်းမှာရှိနေတဲ့ ဟာဇက်ကို အမ်ဘာပေ၊ ဟာလန်းတို့နဲ့ တွဲဖက်ပေးဖို့ ရီးရဲလ်အသင်းက ဆန္ဒရှိနေတယ်လို့ သိရပါတယ်။  ၂၀၂၁ ခုနှစ် နွေရာသီမှာ အမ်ဘာပေနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့ ရီးရဲလ်အသင်းက မျှော်မှန်းထားပါတယ်။  ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ကစားသမားက သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ရင် ၂၀၂၁ ခုနှစ်မှာ မဖြစ်မနေ ရောင်းချရဖို့ရှိနေတာပါ။  ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၅ သန်းပေးမယ်ဆိုရင် ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up