COVID-19 တုံ့ပြန်ရေးကူညီရန် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်မည်ဟု တရုတ်သမ္မတ ကတိပေး

COVID-19 တုံ့ပြန်ရေးမှာ ကူညီဖို့ နှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က ကမ္ဘာ့ကျန်းမာရေးညီလာခံ ဗွီဒီယိုကွန်ဖရင့် အစည်းဝေးမှာ ကတိပြုပြောပါတယ်။ တရုတ်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ပုံကို ကာကွယ်ပြောဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးကြပ်မှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါတုံ့ပြန်ရေးကို သုံးသပ်ဖို့ တရုတ်သမ္မတရှီကျင့်ဖျင်က မေ ၁၈ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ နှစ်ရက်ကြာ အစည်းအဝေးအတွင်း ကမ္ဘာတဝန်းက ကျန်းမာရေးဝန်ကြီးတွေဟာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စွမ်းဆောင်ရည်အပေါ် လွတ်လပ်စွာ အကဲဖြတ်မယ့်  ဆုံးဖြတ်ချက်တွေကို ထောက်ခံသွားမယ်လို့ မျှော်လင့်ရပါတယ်။  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်ပြီး WHO ရဲ့ စွမ်းဆောင်ရည်အပေါ်   ဝေဖန်ထားကြပါတယ်။ ဒီညီလာခံမှာ ဒေါက်တာတက်ဒရိုလက်ထက် WHO ရဲ့ စွမ်းဆောင်ရည်အပေါ်  လွတ်လပ်စွာ အကဲဖြတ်ဖို့ တောင်းဆိုထားတဲ့ ဥရောပသမဂ္ဂကနေ တင်ပြတဲ့ ဆုံးဖြတ်ချက်ကို  ဆွေးနွေးသွားဖွယ်  ရှိပါတယ်။    ရိုက်တာက မြင်တွေ့ရတဲ့ မူကြမ်းဆုံးဖြတ်ချက်ဆိုင်ရာ နာမည်တွေကို WHO အဖွဲ့ဝင်  နိုင်ငံပေါင်း ၁၉၄ နိုင်ငံအနက် ၁၁၆ နိုင်ငံက ထောက်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up