Home
မြန်မာသတင်း
မောင်တောဆေးရုံ၌ လိုအပ်နေသည့် COVID-19 ကာကွယ်ရေးပစ္စည်းများ CDNH လှူဒါန်း
DVB
·
May 19, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ပြည်သူဆေးရုံမှာ လိုအပ်နေတဲ့ အောက်စီဂျင် အသက်ရှူစက်နဲ့ COVID-19 ကာကွယ်ရေးပစ္စည်းတွေကို ကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့(CDNH)က  မေလ ၁၈ ရက် မနက်ပိုင်းက လှူဒါန်းခဲ့ကြပါတယ်။ မောင်တောခရိုင် CDNH အဖွဲ့၏တာဝန်ခံ ဦးအောင်ကျော်မိုး က “ကွဲပြားခြားနားမှုနှင့် အမျိုးသားရေးသဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)အဖွဲ့မှ ရခိုင်တစ်ပြည်နယ်လုံးရှိ ဆေးရုံတွေမှာ အောက်စီဂျင် အသက်ရှူစက်နှင့် COVID-19 ကာကွယ်ရေးပစ္စည်းတွေကို လှူဒါန်းနေပြီး မြို့ပေါ်နေပြည်သူတွေနဲ့ ကျေးရွာနေ ပြည်သူတွေအတွက်ပါ လက်သန့်ဆေးရည်နဲ့ Mask ပေးလှူပေးတယ်”လို့ ပြောပါတယ်။ မောင်တောဆေးရုံကိုလှူဒါန်းတဲ့ပစ္စည်းတွေထဲမှာ  Patient monitor ၁ လုံး ၊ Oxygen Concent Rator ၁ လုံး၊ လက်သန့်ဆေးဘူး ၁၀၀၀၊ mask ၁၀၀၀ ၊ PPEဝတ်စုံ ၁၀၀၊ Visa ၅၀၊ ဗီနိုင်း ၅၀ တို့ပါဝင်ပါတယ်။ COVID-19 ကာကွယ်ရေးအတွက် အရေးကြီးတဲ့ပစ္စည်းတွေနဲ့ အရေးပေါ်လူနာတွေအတွက် လိုအပ်နေတဲ့ အောက်စီဂျင် အသက်ရှူစက် လှူဒါန်းပေးတဲ့အတွက် အထူးကျေးဇူးတင်တယ်လို့ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက ပြောပါတယ်။ CDNH အဖွဲ့ဝင်တွေက မောင်တောမြို့ပေါ်နဲ့ ကျေးရွာတွေကိုလည်း သွားရောက်ပြီး လက်သန့်ဆေးဘူး  ၅၀၀၀ နဲ့ Mask ၁၀၀၀၀  ကို လှူဒါန်းပေးခဲ့ပါတယ်။    အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH)အဖွဲ့နဲ့ ရည်ရှည်တည်တံ့သော ငြိမ်ချမ်းရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ (CSPD) အဖွဲ့တို့ ပူးပေါင်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံးအတွက် Mask အခုရေ ၁၅၀၀၀၀၊ PPE ဝတ်စုံ ၁၅၀၀၊ လက်သန့်ဆေးရည် ၆၃၇၀၀ ဘူး၊ အသိပေးဗီနိုင်း ၄၈၀၀ တို့ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024