Home
မြန်မာသတင်း
မလေးရှားကပြန်လာသူ ၃ ဦးတွင် COVID-19 ရောဂါ တွေ့ရှိ
DVB
·
May 19, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒုတိယအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၂၃၉ ခုအား မနေ့ညက စစ်ဆေးချက်အရ စစ်ဆေးချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ်က အသက် ၅၀ အရွယ် လူနာ အမှတ် ၁၈၉၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က အသက် ၂၅ နှစ်အရွယ် လူနာအမှတ် ၁၉၀ နဲ့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်က လူနာအမှတ် ၁၉၁ တို့မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာပါ။ ၃ ဦးလုံးဟာ မလေးရှားနိုင်ငံက ပြန်လာတဲ့သူတွေဖြစ်ပြီး အသွားအလာကန့်သတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း COVID-19 ရောဂါကူးစက်ခံရတဲ့ အတည်ပြုလူနာ ၁ ဦး စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန်ပါတယ်။  မေ ၁၈ ရက်နေ့မှာ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၇၀ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဓာတ်ခွဲနမူနာ ၄၂၇ ခု စုစုပေါင်း ၅၉၇ ခုအား စစ်ဆေးခဲ့ပါတယ်။ မေလ ၁၉ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၉၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ  ၁၀၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၈၈ ဦး ရှိတယ်လို ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024