ပဲခူးတိုင်းတွင် ပြည်ပမှပြန်လာသူပေါင်း ၃၀၀၀ ကျော်ကို Quarantine ထားရှိ
DVB
·
May 18, 2020
ပဲခူးတိုင်းအတွင်းမှာ ပြည်ပနိုင်ငံတွေက ပြန်ရောက်လာသူ ၃၀၀၀ ကျော်ကို အသွားအလာ ကန့်သတ် စောင့်ကြပ် Facility Quarantine ထားရှိပြီး ဆေးရုံမှာ COVID-19 သံသယလူနာ ၅ ယောက်ရှိတယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။
မေ ၁၇ ရက် နေ့လယ် ၁၂ နာရီအထိ စာရင်းတွေအရ ပဲခူးခရိုင်က Facility Quarantine ၁၃၅ ခုမှာ ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၇၄၀ ရှိပြီး ဆေးရုံမှာ သံသယလူနာ ၄ ယောက်ရှိပါတယ်။
တောင်ငူခရိုင်က Facility Quarantine ၁၅၈ ခုမှာ ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၂၇၈ ယောက်၊ ပြည်ခရိုင်က Facility Quarantine ၁၇၉ ခုမှာ ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၁၀၉၉ ယောက်နဲ့ ဆေးရုံမှာ သံသယလူနာ ၁ ယောက်၊ သာယာဝတီခရိုင်က Facility Quarantine ၄၅ ခုမှာ ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသား ၂၅၈ ယောက် ရှိတာကြောင့် တိုင်းတခုလုံးက Facility Quarantine ၅၁၇ ခုမှာ ၃၃၇၅ ယောက်ရှိနေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ပဲခူးတိုင်းဟာ ရန်ကုန်နဲ့ မန္တလေးပြီးရင် COVID-19 စောင့်ကြည့်လူနာအများဆုံးရှိပြီး ဓာတ်ခွဲအတည်ပြု COVID-19 လူနာ ၇ ယောက်နဲ့ လတ်တလော ဆေးရုံမှာ အသွားအလာကန့်သတ်ခံထားရသူ ၃ ယောက် ရှိပါတယ်။