တောင်ငူမြို့တွင် အင်အား ၃.၂ အဆင့် မြေငလျင်တခု လှုပ်ရှား
DVB
·
May 18, 2020
ပဲခူးတိုင်း တောင်ငူမြို့မှာ အင်အား ၃.၂ အဆင့် မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၁၈ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၃ နာရီ၊ ၃၂ မိနစ်၊ (၄၆) စက္ကန့်အချိန်က တောင်ငူမြေငလျင်စခန်းကနေ အနောက်တောင်ဘက် ၇၅ မိုင်ခန့်ကွာဝေးတဲ့ နတ်တလင်းမြို့ရဲ့ အနောက်တောင်ဘက် ၈ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈.၃၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၄၆ ဒီဂရီ၊ အနက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃.၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။