A d v e r t i s e m e n t With Us

နာမည်ကျော် အမှတ်တံဆိပ်များနှင့် ONE Championship စပွန်ဆာစာချုပ် ချုပ်ဆို

ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဟာ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေနဲ့ အကျိုးတူပူးပေါင်းဖို့ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ပါတယ်။ တရုတ်မိုဘိုင်းဖုန်းကုမ္ပဏီ Xiaomi၊ အမေရိကန်နည်းပညာ ကုမ္ပဏီ Intel၊ အမေရိကန် အိုင်တီနှင့် နည်းပညာကုမ္ပဏီ HP၊ ဆွစ်ဇာလန်ကွန် ပျူတာဆော့ဖ်ဝဲကုမ္ပဏီ Logitech တို့နဲ့ မေ ၁၁ ရက်က စာချုပ် ချုပ်ဆိုလိုက်တာပါ။ ဒါကြောင့် ONE Championship က စီစဉ်တင်ဆက်မယ့် အားကစားပြိုင်ပွဲ၊ Esports ပြိုင်ပွဲနဲ့ The Apprentice: ONE Championship Edition Reality Television Series တွေမှာ အဆိုပါကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေကို မြင်တွေ့ခွင့်ရတော့မယ်လို့ ဆိုပါတယ်။ အခုလိုစာချုပ်ချုပ်ဆိုနိုင်တဲ့အပေါ် ONE Championship ဥက္ကဋ္ဌ Chatri Sityodtong က “ဒီသဘောတူညီချက်က ကျနော်တို့အဖွဲ့အစည်းနဲ့ ကမ္ဘာကျော်ကုမ္ပဏီကြီးတွေအကြား အကောင်းဆုံးလုပ်ဆောင်နိုင်ခြင်းရဲ့သက်သေပဲဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီကုမ္ပဏီတွေရဲ့ အရောင်းမြှင့်တင်ရေးပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာ လုပ်ငန်းလိုအပ်ချက် တွေကို ပူးပေါင်းဖြေရှင်းပေးသွားမှာပါ။ ကျနော်တို့ပရိသတ်တွေက တကမ္ဘာလုံးမှာ သန်းပေါင်းများစွာရှိတာကြောင့် ဒီအမှတ်တံဆိပ်တွေကို ပရိသတ်တွေက ပိုမိုသိရှိလာနိုင်တော့မှာပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုချင်ပါတယ်” လို့ ပြောပါတယ်။ Xiaomi ရဲ့အပြည်ပြည်ဆိုင်ရာဥက္ကဋ္ဌ Shou Zi Chew ကလည်း “ကမ္ဘာ့ထိပ်တန်း အားကစားအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ ONE Championship နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အပေါ် ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ တကမ္ဘာလုံးအတိုင်းအတာအရ Mi ပရိသတ်တွေများစွာရှိသလို ONE Championship မှာ လည်း ပရိသတ်အများကြီးရှိပါတယ်။ ဒါကြောင့် ကျနော်တို့ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းဆောင်ရွက်မှုက ပရိသတ်အချင်းချင်း ဝတ်မှုန်ကူး သလို တန်ဖိုးရှိတဲ့ပူးပေါင်းမှုပဲဖြစ်ပါတယ်။” လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up