Negative ၂ ခါပြ အဆုတ်ကင်ဆာရှိသူ ပိုးတွေ့လူနာကို ရန်ကုန်ဆေးရုံကြီးသို့ လွှဲပေးမည်
ညီငယ်
·
May 18, 2020
COVID-19 လူနာအဖြစ်တောင်ဥက္ကလာပဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ အမျိုးသမီးတစ်ဦးဟာ Negative ၂ ခါပြခဲ့ပေမယ့် သူ့ရဲ့ အဆုတ်ကင်ဆာရောဂါအခံကြောင့် ဆေးရုံက ဆင်းခွင့်မရသေးဘဲ ဒီကနေ့မှာတော့ သူ့ကို ဆက်လက်ကုသဖို့ ရန်ကုန်ဆေးရုံကြီးကိုလွှဲ ပြောင်းပေးမယ်လို့ တောင်ဥက္ကလာပမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက ဒီဗွီဘီကိုပြောပါတယ်။
“သူက COVID-19 ရောဂါနဲ့မဆိုင်တော့ဘူး။ ဒီရောဂါက Negative ၂ခါပြပြီးသွားပြီ၊ သူ့ရဲ့ အဆုတ်ကင်ဆာက ပျံ့နေပြီ။ ကင်ဆာရောဂါကိုပဲ ကုရတော့မှာ”လို့ ပြောပါတယ်။
တောင်ဥက္ကလာပဆေးရုံကြီးမှာ COVID-19 ပိုးတွေ့လူနာ ၄၇ ယောက်ကို ကုသပေးနေရာက ဒီကနေ့မနက်ပိုင်းက လူနာ ၂ ယောက် ဆေးရုံဆင်းသွားပြီဖြစ်လို့ ကျန်တဲ့ လူနာ ၄၅ ယောက်ကို ဆက်လက်ကုသပေးနေ ပါတယ်။