
Lead Story ကျန်းမာရေး နိုင်ငံတကာ ဘာသာရေး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း
အီဂျစ်တွင် အိဒ်ပွဲတော်ကာလ သွားလာမှုဆိုင်ရာ ကန့်သတ်ချက် ထုတ်မည်

Email This Story :
အီဂျစ်အစိုးရဟာ မွတ်စလင်တို့ရဲ့ အကြီးမြတ်ဆုံး အိဒ်ပွဲတော်ကာလအတွင်း ကိုရိုနာ ကာကွယ်ရေးဆိုင်ရာ သွားလာမှုကန့်သတ်ချက်ထုတ်မယ်လို့ ဝန်ကြီးချုပ်မိုစတာဖှာ မဒ်ဘောင်လီက မေလ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
မေလ ၂၄ ရက်ကနေစပြီး ခြောက်ရက်တိတိ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းမယ့်အပြင် ညမထွက်ရအမိန့်ကိုလည်း လေးနာရီ ရှေ့တိုးပြီး ညနေ ငါးနာရီ ကစပြီး သတ်မှတ်မယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
“ဒါဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေး လုပ်ဆောင်ချက်ပဲ”လို့ ပြောပါတယ်။
မွတ်စလင်တို့ရဲ့ ရာမာဒန်ဥပုသ်လ ကုန်ဆုံးချိန်မှာ ကျရောက်တဲ့ အိဒ်ပွဲတော် အားလပ်ရက် အတွင်း ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေ၊ ပန်းခြံတွေနဲ့ ကမ်းခြေတွေကို ပိတ်ထားမယ်၊ အနည်းဆုံးအနေနဲ့ နောက်ထပ်သီတင်းပတ် ၂ ပတ်ကိုလည်း ပြည်သူတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထားဦးမယ်လို့လည်း ပြောပါတယ်။
အားကစားကလပ်တွေနဲ့ စားသောက်ဆိုင်တွေ အပါအဝင် တချို့ ကိစ္စတွေကို ဇွန်လလယ်မှာ ဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးပြီး ဝတ်ပြုရာ နေရာတွေကို ပြန်ဖွင့်ဖို့ စဉ်းစားမယ်လို့ ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
အိဒ်ပွဲတော် ပြီးရင် ညမထွက်ရအမိန့် ကာဖျူးကို ည ၈ နာရီကနေ မနက် ၆ နာရီကြား ပြန်ပြောင်း သတ်မှတ်မှာပါ။
အီဂျစ်နိုင်ငံမှာ မေလ ၁၇ ရက်ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာ ၁၁၇၁၉ ယောက်ရှိပြီး ကူးစက်ခံ ၆၁၂ ယောက် သေဆုံးခဲ့ပါတယ်။