ဂျုဗင်တပ်အသင်း ပေါ့ဘာကို ခေါ်ယူရန် နီးစပ်နေပြီဟု သတင်းများထွက်ပေါ်

1.4K
အီတလီစီးရီးအေကလပ် ဂျုဗင်တပ်အသင်းက ကွင်းလယ်သမား ပေါ့ဘာကို မန်ချက်စတာယူနိူက်တက် အသင်းဆီကနေ ခေါ်ယူဖို့ နီးစစ်နေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေမှာ ခန့်မှန်းဖော်ပြနေပါတယ်။
ဂျုဗင်တပ်က အသက် ၂၇ နှစ်အရွယ် ပေါ့ဘာကို ပြန်လည်ခေါ်ယူဖို့ တော်တော် နီးစပ်နေပြီး ပြောင်းရွေ့ကြေး ပေါင် ၇၂ သန်းနဲ့ ကွင်းလယ်သမား ရာဘီရော့ကို အလိုက်ပေးရမယ်လို့ ဆိုပါတယ်။
ကွင်းလယ်သမား ပေါဘာဟာ မန်ယူနိူက်တက်ကနေ ၂၀၁၂ မှာ ဂျုဗင်တပ်ကို ပြောင်းရွှေ့သွားပြီး ဂျုဗင်တပ်နည်းပြ ကွန်တီရဲ့ လက်အောက်မှာ ၄ နှစ်ကြာ ကစားခဲ့ပြီး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ မှာ မန်ယူနိူက်တက်က ပေါ့ဘာကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးပေးပြီး ပြန်ခေါ်ယူခဲ့တာပါ။