ကော့သောင်းတွင် Quarantine ဝင်နေသူအား လာတွေ့သူထံမှ စိတ်ကြွဆေးများ ဖမ်းမိ
DVB
·
May 18, 2020
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ မေလ ၁၇ ရက် ညနေပိုင်းက Quarantine ဝင်နေသူကို လာရောက်တွေ့ဆုံခဲ့တဲ့ ဧည့်သည် အမျိုးသား ၁ ဦးထံကနေ WY စိတ်ကြွ မူးယစ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ ကောင်းသောင်းရဲ စခန်းတာဝန်ခံ ဦးဇော်မင်းက ပြောပါတယ်။
ထိုင်းနိုင်ငံအချုပ်ကနေ ပြန်လွတ်လာပြီး အဏ္ဏဝါရပ်ကွက် အထကခွဲ ကျောင်းမှာ Quarantine ဝင်နေတဲ့ နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား ကော့သောင်းဒေသခံတွေကို လာရောက်တွေ့ဆုံတဲ့ ဧည့်တွေ့သူဆီကနေ ဆေးပြားတွေ ဖမ်းဆီးရမိတာပါ။
ဧည့်တွေ့လာတဲ့ အောင်ဆန်းဦးကို မသင်္ကာလို့ ဒု ရဲအုပ် သက်နိုင်စိုးနဲ့ တင်ထွန်းအောင်တို့က သက်သေတွေရှေ့မှာ ခန္ဓာကိုယ်အားရှာဖွေရာမှ မုန့်ထုပ်အတွင်် ထည့်ထားတဲ့ WY ဆေးပြားတွေကို ဖမ်းဆီရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ကော့သောင်းမြို့ ပုလဲလမ်း၊ ရွှေဇင်ယော်ရပ်ကွက်နေသူ အောင်ဆန်းဦးကို မူး/စိတ် ပုဒ်မ ၁၆ (ဂ) အရ အမှုဖွင့်အရေးယူထားတယ်လို့ သောင်းမြို့ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
သတင်း- လတ်ကိုကိုဦး