မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား ၅ သိန်းခန့် ဖမ်းမိ
DVB
·
May 17, 2020
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ မနေ့ညက စိတ်ကြွဆေးပြား ၅ သိန်းလောက် ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၆ ရက်နေ့ ည ၉ နာရီခွဲလောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မောင်လှအေး မောင်းနှင်လာတဲ့ ၆င/×××× Lifan ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ဆာလာအိတ် ၃ အိတ်အတွင်း WY/R စာတန်းပါ စိတ်ကြွဆေးပြား ၄၈၇၅၀၀ ပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
မောင်လှအေး(ဖမ်းမိ)ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။