မဲဇလီကုန်းတွင် ယာဉ်တိုက်မှုကြောင့် ၁ ဦး သေဆုံး၊ ထွက်ပြေးယာဉ်မောင်းကို ဖမ်းမိ
DVB
·
May 17, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မဲဇလီကုန်းမြို့ ပြည်သူဆေးရုံကွေ့မှာ မေ ၁၇ ရက် နေ့လယ်က ဆိုင်ကယ်နဲ့ ကားတိုက်မှု ဖြစ်ပြီး ဆိုင်ကယ်မောင်းသူ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ မဲဇလီကုန်း နယ်မြေရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်အောင်ကျော်မိုးက ပြောပါတယ်။
“ကားသမား တိုက်ပြီး မောင်းပြေးလို့ လိုက်ဖမ်းတယ်။အခု တရားခံကို မိပါပြီ။ သေဆုံးသူက မဲဇလီကုန်း စံပြရပ်ကွက်ထဲက ဖြစ်ပါတယ်။ ကားသမားကတော့ တလုတ္ထော်မြို့ကလို့ သိရတယ်။ အခု ရဲလုပ်ငန်းတွေ လုပ်နေပါတယ်။ အမှုကတော့ ယာဉ်မောင်းကြောင့် ပေါ့ဆမှုနဲ့ လူသေမှု ၃၀၄ (က) နဲ့ အကြမ်းဖွင့်ထားပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်သိဖို့ ရဲလုပ်ရမယ့် တာဝန်တွေ လုပ်ဆောင်နေပါတယ်။”
ကားက ဟိုင်းလပ်အမျိုးအစား ခဲရောင်ဖြစ်ပြီး ကားမှာ အနည်းငယ်ပွန်းပဲ့ရုံပဲ ရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မဲဇလီကုန်း ပြည်သူ့ဆေးရုံရှေ့မှာ အခုလို မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေလည်း ဖြစ်လေ့ရှိပါတယ်။
သန်းထိုက်မြင့်