အမေရိကန်တွင် ကိုရိုနာကူးစက်ခံရသူ ၁ သန်းခွဲကျော် ရှိလာ

ဓာတ်ပုံ-ရိုက်တာ
673
အမေရိကန်ပြည်ထောင်စုမှာ မေ ၁၇ ရက် ညနေပိုင်းအထိ ကူးစက်ခံရသူ ၁ သန်းခွဲကျော်နဲ့ သေဆုံးသူဦးရေဟာ ၉ သောင်းကျော် ရှိခဲ့ပြီလို့ သိရပါတယ်။
ဒါ့ကြောင့် အမေရိကန်ဟာ ကမ္ဘာမှာ အတည်ပြုလူနာ အရေအတွက်အများဆုံးနဲ့ သေဆုံးသူ အများဆုံးနိုင်ငံအဖြစ် ဦးဆောင်နေဆဲပါ။
ပြည်နယ်တွေ အားလုံးထဲမှာ အထိခိုက်ဆုံးဖြစ်ခဲ့တဲ့ နယူးယောက်ပြည်နယ်မှာတော့ မြင်းပြိုင်ကွင်းတွေနဲ့ ကားပြိုင်ကွင်းတွေကို ပြန်ဖွင့်ပေးမယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ကွာမိုက စနေနေ့က ပြောခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေးကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဖိအားကြီးကြီးမားမား ကြုံနေရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ကျန်းမာရေးအာမခံ လျှောက်ထား သူ စုစုပေါင်း ဟာလည်း ၃၆ ဒသမ ၅ သန်းထိ ရောက်သွားခဲ့ပါတယ်။
အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ကြာသပတေးက ထုတ်ပြန်ချက်အရလည်း အလုပ်လက်မဲ့ဦးရေဟာ သုံးသန်းနီးပါး ဖြစ်လာနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။