A d v e r t i s e m e n t With Us

မဖိတ်ခေါ်ဘဲ ရောက်ရှိလာခဲ့သည့် ဧည့်သည်ဝက်ဝံ (ရုပ်သံ)

အီတလီမြောက်ပိုင်း ကာလီယာနိုမြို့မှာရှိတဲ့ တိုက်တလုံးထဲကို မေ ၅ ရက်က ဖိတ်ခေါ်ထားခြင်းမရှိတဲ့  ဧည့်သည် ဝက်ဝံညိုကောင် ရောက်ရှိလာပါတယ်။ ဝက်ဝံဟာ ဝရန်တာကနေ တက်လာခဲ့တာဖြစ်ပြီး ဒုတိယထပ်က တိုက်ခန်းတခုထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့တာကို တိုက်မှာ နေထိုင်သူ မင်ဂျာကွန်ကူက ဗွီဒီယိုရိုက်မှတ်တမ်းတင်ခဲ့ပါတယ်။  ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒီဝက်ဝံဟာ စိတ်ပြောင်းသွားပြီး တိုက်ပေါ်ကပြန်ဆင်းကာ အမှောင်ထဲကို ပြေးဝင်ပျောက်ကွယ်သွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။  ဝက်ဝံကြောင့် တတိုက်လုံး ထိတ်လန့်သွားခဲ့ရပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ ကွန်ကူက ပြောပါတယ်။  မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သစ်တောဝန်ထမ်းတွေကလည်း ဝက်ဝံကို ခြေရာခံဖို့ အတွက် သူ ကျန်ခဲ့တဲ့ အမွှေးတချို့ကို နမူနာယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။  ဝက်ဝံညိုတွေဟာ  တောင်တန်းဒေသတွေမှာ ပုံမှန်တွေ့ရလေ့ရှိပြီး သူတို့အားလုံးကို မှတ်တမ်းတင်စာရင်းပြုစုထားပြီး ဖြစ်ပါတယ်။  မကြာသေးခင်ကလည်း M49 လို့ခေါ်တဲ့ ဝက်ဝံတကောင် ဒီဧရိယာကိုရောက်လာခဲ့ဖူးပြီး သူ့ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ကွန်ကူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up