အမေရိကန်အာကာသတပ်ဖွဲ့အလံ မိတ်ဆက်

ဓာတ်ပုံ-ရိုက်တာ
အမေရိကန်စစ်တပ်ရဲ့ အာကာသတပ်မဟာအတွက် ပထမဆုံးအလံ မိတ်ဆက်တဲ့ အခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မေလ ၁၅ ရက်က တက်ရောက်ပါတယ်။ ကမ္ဘာကြီးနဲ့ မြောက်ပိုင်းကြယ်တို့ပုံအပြင် ဂရိအက္ခရာနဲ့ ၂၀၁၉ ဆိုတဲ့ စာတမ်းကိုလည်း အလံမှာ ထည့်သွင်းဖော်ပြထားပါတယ်။  လေတပ် ဗိုလ်ချုပ်ကြီး ရေမွန်ဟာ အာကာသတပ်ရဲ့ ထိပ်တန်း အရာရှိချုပ် ဖြစ်လာပါတယ်။ အမေရိကန်စစ်တပ်ရဲ့ ဆဌမမြောက်တပ်အဖြစ် အာကာသတပ်ကို ဖန်တီးကြောင်း ညွှန်ကြား လွှာကို ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလမှာ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up