DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

သတင်း

အခြေခံလူတန်းစားပြည်သူများအတွက် အစိုးရက ငွေကြေး ကူညီထောက်ပံ့မည် 

  • By DVB
  • 16 May 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

COVID-19 ကပ်ဘေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားပြည်သူတွေအတွက်  အစိုးရရဲ့ ဒုတိယအကြိမ် ကူညီထောက်ပံ့မှု အစီအစဉ်ကို လာမယ့် သီတင်း ၂ ပတ်အတွင်း စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့  အစိုးရပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဋ္ဌေးက ပြောပါတယ်။

အစိုးရရဲ့ ပထမအကြိမ်ထောက်ပံ့မှုကို ဧပြီ ၁၀ ရက်စတင်ပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ ပစ္စည်း ၅ မျိုးကို ထောက်ပံ့ပေးခဲ့တာပါ။

ပထမအကြိမ် ထောက်ပံ့မှုနဲ့ ပတ်သက်လို့ တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲ မှန်မှန်ကန်ကန်‌ မရောက်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူအများစုက အထောက်အပံ့တွေရရှိခဲ့တယ်လို့   ဦးဇော်ဋ္ဌေးက ပြောပါတယ်။ 

အစိုးရအနေနဲ့ ကူညီထောက်ပံ့မှုကို ဒုတိယအကြိမ် ထပ်လုပ်ဖို့ ပြင်ဆင်နေပြီး ဒီတစ်ကြိမ်မှာတော့ ပစ္စည်းတွေထောက်ပံ့တော့မှာ မဟုတ်ဘဲ ငွေကြေးထောက်ပံ့ဖို့ ရှိနေတယ်လို့  ဦးဇော်ဋ္ဌေးက ဒီကနေ့ မေလ ၁၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဒီတစ်ခေါက်မှာတော့ ပိုပြီးတော့ စနစ်တကျနဲ့ အချိန်ယူပြီးတော့ လုပ်ဖို့ လုပ်နေတာဖြစ်တယ်။ အလွန်ဆုံး ၂ ပတ်ပေါ့နော်။ ၂ ပတ်အတွင်းလောက်တော့ ဆောင်ရွက်သွားဖို့ မှန်းထားတယ်။ ပြည်သူတွေရဲ့ တကယ့် အချက်အလက်တွေပြည့်စုံဖို့လည်း ရပ်/ကျေးအဆင့်အထိ ပုံစံတွေချပေးပြီးတော့ သူတို့ဖြည့်သွင်းရမှာက ဥပမာ select လုပ်ပြီးတော့ ရွေးချယ်ရုံပဲ၊ သူ့ရဲ့လုပ်ငန်းက ဘာအမျိုးအစား၊ အဲ့ထဲမှာ ကျနော်တို့က လုပ်ငန်းအမျိုးအစားတွေ ပေးထားမယ်။ အဲ့ဒီထဲကမှ သူနဲ့သင့်တော်တဲ့ဟာကို သူကခြစ်လိုက်ရုံပဲ။ ဒီလိုပုံစံတွေနဲ့ ကျနော်တို့က စာရင်းကောက်ယူနေတယ်။ အဓိကက စာရင်းမှန်မှန်ကန်ကန်ဖြစ်ရေးကို အခြေခံပြီးတော့မှပဲ တခါတည်းသက်ဆိုင်တဲ့ online payment လုပ်နေတဲ့လူတွေနဲ့ရော အဲ့လိုမျိုးဆောင်ရွက်သွားဖို့ လုပ်ထားပါတယ်။ ကျနော်တို့ကတော့ အမြန်ဆုံးတော့ လုပ်ဖို့ မှန်းထားတယ်။ နှစ်ပတ်ကနေ သုံးပတ်အထိတော့ အချိန်ယူရမယ်လို့ ယူဆထားတယ်” 

ပြီးခဲ့တဲ့ ပထမအကြိမ်ထောက်ပံ့မှုအတွက် အစိုးရအနေနဲ့ တစ်နိုင်ငံလုံးက အခြေခံ လူတန်းစား အိမ်ထောင်စုပေါင်း  ၃ ဒသမ ၉၉ သန်းကို ကျပ် ၂၀၀၀၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ခဲ့တာပါ။

အခုဒုတိယအကြိမ်အတွက် အိမ်ထောင်စု ဘယ်လောက်ကို ထောက်ပံ့မယ်ဆိုတာ မသိရသေးပေမယ့် ပထမအကြိမ်ပေးစဉ်ကထက် နှစ်ဆလောက်ရှိမယ့် ငွေကြေးကို ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Tags: Covid-19ငွေကြေး ကူညီထောက်ပံ့မည်အခြေခံလူတန်းစား

  • Previous story နိုင်ငံတော်အစိုးရသို့ ပန်ကြားလွှာ
  • Next story COVID-19 အတည်ပြုလူနာသစ် မတွေ့၊ ရောဂါပိုးကင်းစင်သူ ၉၅ ဦးရှိပြီ
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)

    • gallery

      ဇေကမ္ဘာ ရှေးဟောင်းပြတိုက် ဖေဖော်ဝါရီ ၁ ရက်ဖွင့်မည် (ဓာတ်ပုံ)

    • gallery

      ရန်ကုန်မြို့အတွင်း တရားဝင်ဆိုင်ကယ်စီးနင်းခွင့်ပြုရေး လှုပ်ရှားမှုပြုလုပ်

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 မိသားစုထမင်းဝိုင်းထဲက အသံတိတ်ရန်သူ
    • 02 အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းလူအုပ်ကို ဂွါတီမာလာတပ်ဖွဲ့ တားဆီး
    • 03 မက္ကဆီကိုစီးတီးတွင် မြေအောက်ရထားလမ်း မီးလောင်မှုကြောင့် ရထားပြေးဆွဲမှုများ ရပ်ဆိုင်း
    • 04 တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
    • 05 အကြိုက်ဆုံးကစားသမား ၁၁ ဦး  အိုဇေးလ် ရွေးချယ်
    • 01 အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းလူအုပ်ကို ဂွါတီမာလာတပ်ဖွဲ့ တားဆီး
    • 02 Artist လွင်လွင်ကျော်၏ ၈ ကြိမ်မြောက် တကိုယ်တော်ပန်းချီပြပွဲ (ဓာတ်ပုံ)
    • 03 အင်းဝ မြင်းလှည်းသမားများ မြင်းစာခက်ခဲ၍ အကောင်ရေ တစ်ဝက်ကျော် ရောင်းချထားရ 
    • 04 ဟောင်ကောင်၊ ထိုင်ဝမ်နှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများကို ဒဏ်ခတ်မည်ဟု တရုတ်ပြော
    • 05  ကျောက်ဆည် ပြည်ပန်းဂိတ်တွင် ကိုဗစ်ပိုးတွေ့ယာဉ်မောင်း ၁ ဦး ထွက်ပြေး
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.