၁ လအတွင်း ၂ ဦးမြောက် ဘရာဇီးကျန်းမာရေးဝန်ကြီး ရာထူးက နုတ်ထွက်

ဓာတ်ပုံ-ရိုက်တာ
709
ဘရာဇီးနိုင်ငံရဲ့ ဒုတိယမြောက် ကျန်းမာရေးဝန်ကြီးဟာ မေလ ၁၅ ရက်က ရာထူးကနေ တလအတွင်း နုတ်ထွက်သွားပြန်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကုသရေးမှာ အန္တရာယ်များတဲ့ ငှက်ဖျားဆေးတွေကို ထောက်ခံချက်ပေးဖို့ သမ္မတ ဘော်ဆိုနာရို တောင်းဆိုပြီးနောက် ကျန်းမာရေးဝန်ကြီး ရာထူးက နုတ်ထွက်သွားခဲ့တာပါ။
ငှက်ဖျားဆေး ကလိုရိုကွင်းရဲ့ အစွမ်းထက်မှုဟာ အထောက်အထား မရှိသေးဘဲ အဲဒီဆေးဟာ နှလုံးရောဂါ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ရှိနေပေမယ့် သမ္မတ ဘော်ဆိုနာရိုက ဝန်ကြီး နယ်ဆင်တိုက်ချ်ကို ထောက်ခံချက် ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ ကျန်းမာရေးဝန်ကြီး တိုက်ချ်က နုတ်ထွက်ရတဲ့ အကြောင်းရင်းကို မပြောခဲ့ပါဘူး။
ကျန်းမာရေးဝန်ကြီး နုတ်ထွက်တာနဲ့ပတ်သက်လို့ ဘရာဇီးနိုင်ငံသားတွေက ဒန်အိုးတီး ကန့်ကွက်သလို ကျန်းမာရေးကျွမ်းကျင်သူတွေကလည်း ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။
ဘရာဇီးအစိုးရရဲ့ စစ်ဘက်ဝန်ထမ်းတွေကတော့ စစ်ဗိုလ်ချုပ်တဦးဖြစ်တဲ့ ဒုဝန်ကြီး အီဒူဝါဒိုပါဇွဲလိုကို ဝန်ကြီးခန့်အပ်ဖို့ တိုက်တွန်းနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှာ ဘရာဇီးဟာ ဂျာမနီနဲ့ ပြင်သစ်ကို ကျော်တက်ခဲ့ပြီး တနေ့ကို လူ ၈၀၀ နဲ့အထက် သေဆုံးနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။