A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ်ချန်ပီယံဆုနှင့် လီဗာပူး ထိုက်တန်ဟု ဟယ်ရီကိန်း သုံးသပ်

ဓာတ်ပုံ - ဂတ်တီအင်းမေ့ချ်
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားနဲ့ ထိုက်တန်တယ်လို့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောလိုက်ပါတယ်။  Good Morning ဗြိတိန်အစီအစဉ်မှာ ပရီမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်မယ့် အခြေအနေပေါ်မှာ သုံးသပ်ရင်း ချန်ပီယံဆုဖလားနဲ့ လီဗာပူးအသင်း ထိုက်တန်ကြောင်း ဟယ်ရီကိန်းက ပြောတာပါ။  လက်ရှိအချိန်မှာ အုပ်စုငယ်လေးတွေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနေရတာကို ပျော်ရွှင်ပေမယ့် ခက်ခဲတဲ့အခြေအနေဖြစ်တယ်လို့ ဟယ်ရီကိန်းက ပြောပါတယ်။  သူ့ရဲ့ဘဝတလျှောက်မှာ ဒီလို ကပ်ရောဂါအခြေအနေမျိုး တွေ့ကြုံဖူးခြင်းမရှိတာကြောင့်  ဘယ်လို လုပ်ဆောင်တာက အမှန်ဆုံးဖြစ်မလဲဆိုတာ မစဉ်းစားတတ်ဘူးလို့ ကိန်းက ပြောပါတယ်။  ဘောလုံးပွဲတွေမှာ ပရိသတ်တွေရဲ့အခန်းကဏ္ဍက အရေးကြီးဆုံးဖြစ်ပေမယ့် ဘောလုံးရာသီ ပြီးဆုံးအောင် ကစားရမယ်ဆိုရင်တော့ ပရိသတ်မပါဘဲ ကစားရမှာက  အကောင်းဆုံး ဖြစ်တယ်လို့ ဟယ်ရီကိန်းက ပြောပါတယ်။  ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်ဇွန်လ ၁၂ ရက်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up