A d v e r t i s e m e n t With Us

ပါကစ္စတန်ဆေးကုမ္ပဏီ ကိုရိုနာတိုက်ဖျက်ဆေး မကြာမီထုတ်မည်

ဓာတ်ပုံ-ရိုက်တာ
ပါကစ္စတန်ဆေးကုမ္ပဏီ ဖရိုဆန်ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာမှာ အလားအလာ ရှိတဲ့  စမ်းသပ် remdesivir ဆေးကို မကြာခင် ထုတ်လုပ်မယ်လို့ ကျန်းမာရေးဝန်ကြီးနဲ့  ဆေးကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့က မေလ ၁၅ ရက်မှာ ကြေညာခဲ့ပါတယ်။   နိုင်ငံပေါင်း ၁၂၇ နိုင်ငံကို တင်ပို့ဖို့ သီတင်းပတ်အနည်းငယ်အတွင်း ရမ်ဒီးဆီဗာဆေး (remdesivir) ကို ထုတ်လုပ်သွားမယ်လို့  ဆေးကုမ္ပဏီ  CEO က သတင်းစာရှင်းလင်းပွဲမှာ ကတိပြု ခဲ့ပါတယ်။ မေလ ၂ ရက်မှာ အမေရိကန် FDA အဖွဲ့က ရမ်ဒီးဆီဗာဆေးကို  အရေးပေါ်သုံးအဖြစ် ခွင့်ပြုခဲ့တာကြောင့် ဂီးလီးယတ်ဆေးကုမ္ပဏီက ထုတ်တဲ့ အဲဒီဆေးကို အလားအလာရှိတဲ့ COVID-19 ရောဂါကုသဆေးအဖြစ် အများက အာရုံစိုက်လာပါတယ်။  ကောင်းမွန်တဲ့ အစောပိုင်းစမ်းသပ်ရလဒ်တွေကြောင့် အမေရိကန်နဲ့ ဂျပန်မှာ  ရမ်ဒီးဆီဗာဆေးကို  အရေးပေါ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။  ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်စေဖို့ အိန္ဒိယနဲ့ ပါကစ္စတန်အခြေစိုက် ဆေးကုမ္ပဏီ ၅ ခု နဲ့  လက်မှတ်ထိုးခဲ့တယ်လို့  အမေရိကန် ဂီးလီးယက်ဆေးကုမ္ပဏီက ပြောပါတယ်။  ဒါပေမဲ့ အဲဒီဆေးကုမ္ပဏီတွေအဖို့ အကျိုးအမြတ် မရှိဘူးထင်ရတဲ့ နိုင်ငံတွေမှာ  ဆေးမရမှာ ကို ကျန်းမာရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေက စိုးရိမ်နေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ 

A d v e r t i s e m e n t With Us

More News
Up