A d v e r t i s e m e n t With Us

ဗိုင်းရပ်စ်သံသယရှိ ဝါဒါဘရီမင် ကစားသမား ၁ ဦးကို ၂ ပတ်ကြာ စောင့်ကြည့်မည်

ဓာတ်ပုံ-ရိုက်တာ
ဘွန်ဒက်စ်လီဂါကလပ် ဝါဒါဘရီမင် ကစားသမားတဦးဟာ ဗိုင်းရပ်စ်ပိုးရှိသူနဲ့ ထိတွေ့မှု ရှိတာကြောင့် ၂ ပတ်ကြာ သီးသန့်နေထိုင်နေရပါတယ်။  ဘွန်ဒက်စ်လီဂါပြိုင်ပွဲပြန်လည်စတင်ဖို့ အနီးကပ်ဆုံးအချိန်မှာ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာခဲ့တာပါ။ အဲဒီကစားသမားကို  ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးခဲ့ရာမှာတော့ ပိုးတွေ့ရှိခြင်းမရှိခဲ့ ဘူးလို့ သိရပါတယ်။ ဒါပေမယ့် လက္ခဏာမပြနိုင်သေးတာဖြစ်နိုင်လို့ ၁၄ ရက် သီးသန့်နေဖို့ အသင်းက သတ်မှတ်ခဲ့ပါတယ်။  ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်ကို ဒီကနေ့ စတင်တော့မှာဖြစ်ပြီး ဝါဒါဘရီမင်အသင်းက တနင်္လာနေ့မနက်ပိုင်းမှာ လီဗာကူဆင်နဲ့ ယှဉ်ပြိုင်ရမှာပါ။  ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းရဲ့ ကစားသမား ၂ ဦးနဲ့ အသင်းဝန်ထမ်း ၁ ဦးမှာလည်း ဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ပျောက်ကင်းသွားခဲ့ပြီလို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up