Email This Story :
ရုရှားမှာ လော့ဒေါင်းအစီအမံတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့သွားမယ်လို့ သမ္မတ ပူတင် ကြေညာအပြီး ရက်အနည်းငယ်အကြာ မေလ ၁၄ ရက်က မြို့တော် မော်စကိုလမ်းတွေမှာ ယာဉ်အသွားအလာ ပိုမိုစည်ကားလာပါတယ်။
လောဒေါင်းအစီအမံတွေကို မေလ ၃၁ ရက်အထိ သက်တမ်းတိုးထားပေမယ့် မြို့သူ မြို့သားတွေက မနက်ပိုင်းမှာ လမ်းပေါ်ထွက်လာကြတယ်လို့ ယန်းဒက်စ်နည်းပညာကုမ္ပဏီ အချက်အလက်တွေက ဆိုပါတယ်။
အများပြည်သူယာဉ်တွေနဲ့ ဈေးဆိုင်တွေမှာ နှာခေါင်းစည်း တပ်ရမယ်၊ လက်အိတ်ဝတ်ရ မယ်ဆိုတဲ့ စည်းမျဉ်းအသစ်တွေကို ထုတ်ပြန်ထားပေမယ့် နိုင်ငံသားတချို့ကတော့ စည်းမျဉ်းတွေ အပေါ်မှာ သံသယဝင်နေပါတယ်။
ရုရှားနိုင်ငံတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သိန်းခွဲကျော်ရှိနေပြီး သေဆုံးသူ ၂၃၀၀ ကျော်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။