စင်ကာပူတွင် အလုပ်လုပ်နေသည့် မလေးရှားမိခင် ၂၀၀ ခန့် ကလေးများအတွက် အေးခဲနို့ ပြန်ပို့

ဓာတ်ပုံ-ရိုက်တာ
911
နှစ်နိုင်ငံနယ်စပ်တွေ ပိတ်ထားတဲ့အတွက် စင်ကာပူမှာ အလုပ်လုပ်နေတဲ့ မလေးရှား မိခင်တွေဟာ သူတို့ ရင်သွေးငယ်တွေအတွက် နို့ကို အေးခဲအောင်လုပ်ပြီး အိမ်ကို ပြန်ပို့နေရ တယ်လို့ ရိုက်တာသတင်းက မေ ၁၅ ရက်မှာ ရေးပါတယ်။
မလေးရှားနိုင်ငံသား ငါးသိန်းလောက်ဟာ စင်ကာပူမှာ နေထိုင်နေပြီး မလေးမိခင် ရာပေါင်းများစွာ ရှိနေတာပါ။
ဒါ့ကြောင့် စင်ကာပူရောက် မလေးမိခင် ၂၀၀ လောက်ဟာ ဂျိုဟိုပြည်နယ်ထဲက သူတို့ ကလေးတွေအတွက် မိခင်နို့ ရည်တွေကို အအေးခံစုစည်းပြီး ပို့ပေးနေရပါတယ်။
ဒီလို တင်ပို့ပေးမှု လေးကြိမ်မှာ မိခင်နို့ရည် ကီလို ခုနှစ်ထောင်လောက်ရှိပြီလို့ ဂျိုဟို ပြည်နယ်လွှတ်တော်အမတ်တဦးကလည်း ပြောပါတယ်။
စင်ကာပူဟာ အာရှမှာ ကိုဗစ်နိုင်တင်းကူးစက်မှုနှုန်း အမြင့်ဆုံးတနိုင်ငံဖြစ်ပြီး အတည်ပြု လူနာ ၂၆၀၀၀ ကျော်ရှိထားပါတယ်။
မလေးရှားကတော့ အတည်ပြုလူနာဦးရေ ၆၈၀၀ ဝန်းကျင်ပဲ ရှိတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။