ဘရာဇီးတွင် ထောင်လိုက် သဂြိုဟ်မည့်သုသာန် တည်ဆောက်

ဓာတ်ပုံ-ရိုက်တာ
897
ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄,၀၀၀ လောက်ရှိလာတာမို့ ဆောပေါလိုပြည်နယ်မှာ သေဆုံးသူတွေကို ထောင်လိုက် သဂြိုဟ်မယ့် သုသာန်ကို တည်ဆောက်နေပါတယ်။
ပြည်နယ်ထဲက သုသာန် ၃ ခုမှာ ရုပ်အလောင်း ၁၃၀၀၀ လောက် ထောင်လိုက် သဂြိုဟ်မယ့် နေရာတွေကို တည်ဆောက်သွားမယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
ထောင်လိုက်သုသာန်တွေကို Evolution Technologia Funeraria ကုမ္ပဏီက ထုတ်လုပ်ပြီး အသုံးပြု ပစ္စည်းတွေက တာရှည်ခံကာ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတယ်လို့ ကုမ္ပဏီ ဒါရိုက်တာက ပြောဆိုပါတယ်။
လက်တင်အမေရိကနိုင်ငံတွေထဲမှာ ဘရာဇီးယားဟာ ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ပြီး လူ ၂ သိန်းကျော် ကူးစက်ခံထားရပါတယ်။
ဆောပေါလိုဟာ အဆိုးဆုံး ထိခိုက်တဲ့ပြည်နယ် တခုဖြစ်ပြီး အသွားအလာကန့်သတ်မှု တွေက ငွေကုန်ကြေးကျများတယ်လို့ သမ္မတ ဘော်ဆိုနာရို ဝေဖန်နေပေမယ့် ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ လော့ဒေါင်းအစီအမံတွေကို အပူတပြင်း ရုပ်သိမ်းတာ မလုပ်ဖို့ သတိပေး ပြောဆိုထားပါတယ်။