ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သားများ ကိုရိုနာဘေး အကာအကွယ်မဲ့နေဟု အလုပ်သမားသမဂ္ဂ သတိပေး

ဓာတ်ပုံ-ရိုက်တာ
ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ်စက်ရုံတွေပြန်ဖွင့်နေပေမယ့် အလုပ်သမားတွေကို ကိုရိုနာဗိုင်း ရပ်စ်ပြန့်ပွားမှုက ကာကွယ်ဖို့ ပျက်ကွက်နေဆဲဖြစ်တယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက သတိပေးလိုက်ပါတယ်။  ကိုဗစ်-19 ကြောင့် သေဆုံးသူဦးရေမြင့်တက်လာလို့ ဘင်္ဂလားဒေ့ရှ်မှာ မေလ ၁၄ ရက်ကစလို့  တနိုင်ငံလုံး လော့ဒေါင်းချထားတာကို သက်တမ်း ထပ်တိုးခဲ့ပါတယ်။  ဒါပေမဲ့ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာတော့ ကန့်သတ်ချက်တွေကို လျှော့ချပေးထားပြီး  ဧပြီလကုန်ပိုင်းကစလို့ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်နေခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းကဏ္ဍဟာ ကပ်ဘေးကြောင့် အထိခိုက်ဆုံးဖြစ်ခဲ့ပြီး ဧပြီလလယ်မှာ ပို့ကုန် ၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။  ဒါဟာ ဒေါ်လာသုံးဘီလျံတန်ဖိုးရှိတဲ့ အမှာတွေ ရပ်ဆိုင်းတာ၊ ပယ်ဖျက်တာတွေကြောင့် ဖြစ်တယ်လို့ အထည်ချုပ်စက်ရုံပိုင်ရှင်တွေက ပြောပါတယ်။  အနောက်နိုင်ငံတွေဆီ အဝတ်အထည်တင်ပို့ရာမှာ တရုတ်နိုင်ငံနောက်က ကပ်လိုက်နေတဲ့ ဘင်္ဂလားဒေ့င်္ရှဟာ  ပြည်ပပို့ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို  အထည်ချုပ်လုပ်ငန်းတွေပေါ် မှီခိုအား ထားနေရပါတယ်။   နိုင်ငံတဝှမ်းစက်ရုံ လေးထောင်ခန့်ရှိပြီး အလုပ်သမား စုစုပေါင်း လေးသန်းခန့်ရှိကာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ  ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up