Home
မြန်မာသတင်း
ခင်ဦးမြို့တွင် ၁ ပတ်ကြာ Mask ကမ်ပိန်းပြုလုပ်နေ
Aung Ko Latt
·
May 15, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့မှာ မေလ ၈ ရက်နေ့ကစတင်ကာ Mask ကမ်ပိန်းကို ပြုလုပ်နေပါတယ်။ ဒီကမ်ပိန်းကို ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ စည်ပင်၊ မီးသတ်၊ ရဲနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ လူစည်ကားရာ  ဈေးတွေနဲ့ လမ်းဆုံလိုနေရာတွေမှာ ပြုလုပ်နေတာပါ။  တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက  "COVID-19 ကူးစက်ရောဂါပိုးက အသက်ရှူလမ်းကြောင်းကတဆင့် ကူးတဲ့ရောဂါဖြစ်လို့ Mask တပ်တာက အသင့်တော်ဆုံး ကာကွယ်နည်းဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်မနေအပြင်ထွက်တဲ့အခါ Mask တပ်ကြဖို့ စည်းရုံးဟောပြောပြီး အခမဲ့ပေးဝေတာပါ။ အဓိကကတော့ ကိုဗစ်ရောဂါ  ကူးစက်ပြန့်ပွားမှုက ကာကွယ်ဖို့ပါပဲ။ လက်ရှိအချိန်မှာ ရောဂါဖြစ်ပွားမှုနည်းတော့ ပြည်သူတွေရဲ့ လိုက်နာမှုအားကလည်း နည်းလာတာတွေ့နေရတယ်"လို့ ပြောပါတယ်။  ကမ်ပိန်းလုပ်နေတဲ့ မေလ ၈ ရက်ကစပြီး  ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အရင်ကထက် အားကောင်းလာတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ Mask အခုရေ ၈၀၀၀ ကို ပျံကျဈေး၊ မြို့မဈေး၊ ဗိုလ်ချုပ်လမ်းဆုံစတဲ့နေရာတွေမှာ အခမဲ့ ပေးဝေထားပြီးဖြစ်ပါတယ်။  စစ်ကိုင်းတိုင်းအတွင်း COVID-19 အတည်ပြုလူနာ ၇ ဦးတွေ့ထားပြီး အဲဒီထဲက သက်သာပျောက်ကင်းသူ တစ်ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024