နိုင်ငံတဝန်း ညမထွက်ရအချိန်လျှော့ချသတ်မှတ်၊ COVID-19 ဆိုင်ရာအမိန့်များ သက်တမ်းတိုး

နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာထုတ်ပြန်ထားတဲ့   ညမထွက်ရအမိန့်ကို မေ ၁၅ ရက်ကစတင်ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိ  ပြောင်းလဲသတ်မှတ်ဖို့ မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မေလ ၁၃ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ COVID-19 ရောဂါကာကွယ်တားဆီးဖို့အတွက်  ပြည်နယ်နဲ့တိုင်းများရှိ မြို့နယ်အားလုံးမှာ   ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့  ညမထွက်ရအမိန့်ပါ နေ့စဉ် ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ဖို့ သတ်မှတ်ချက်ကို  ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။ ဒါ့အပြင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ထုတ်ပြန်ထားတဲ့  လူစုလူဝေးနဲ့ အခမ်းအနားတွေမကျင်းပဖို့၊ ရုပ်ရှင်ရုံတွေမဖွင့်ဖို့ စသဖြင့် တားမြစ်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကိုလည်း မေလ ၃၁ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  ဒီကနေ့ မေလ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာထားပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ်တွေ တဖြည်းဖြည်းဆက်လက်တွေ့ရှိနေဆဲဖြစ်ပြီး ဒီကနေ့အထိ အတည်ပြုလူနာ စုစုပေါင်း ၁၈၁ ဦး တွေ့ရှိထားပြီး  သေဆုံးသူက ၆ ဦးရှိနေပါတယ်။ Photo- နေပြည်တော်ကောင်စီ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up