Home
မြန်မာသတင်း
နိုင်ငံတော်ကဖြန့်ဝေသည့် ရိက္ခာအပေါ် ငွေကောက်ခံသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရပ်စဲခံရ 
Aung Ko Latt
·
May 14, 2020
ကပ်ဘေးကာလမှာ အခြေခံလက်လုပ်လက်စားတွေအတွက် နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့၊ ထုံကတင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး နေပါတယ်။ ကျေးရွာလူထုအတွက် အ‌ခြေခံစားသောက်ကုန် ၅ မျိုးဖြန့်ဝေရာမှာ တစ်အိမ်ကို ကျပ် ၅၀၀ နှုန်းနဲ့ ကောက်ခံတယ်လို့ တိုင်ကြားတဲ့အတွက် အခုလို စစ်ဆေးနေတာဖြစ်ပါတယ်။ "ပြည်သူတချို့က တိုင်ကြားတဲ့အတွက်လောလောဆယ်တော့ တာဝန်က ရပ်စဲပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဟုတ်မှန်ရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးနဲ့အညီ အရေးယူသွားမှာပါ။"လို့ အမည်မဖော်လိုတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ နိုင်ငံတော်ကနေ အခြေခံလက်လုပ်လက်စားဝင်ငွေနည်းမိသားစုတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စတဲ့အခြေခံစားသောက်ကုန် ၅ မျိုးကို ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေကတဆင့် ဖြန့်ဝေပေးနေတာပါ။  စစ်ကိုင်းတိုင်းအတွင်း ထောက်ပံ့ခံအိမ်ထောင်စု ၄၄၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၈ သိန်းကျော်ရှိပါတယ်။ အခြေခံလူတန်းစားအများဆုံးက ရွှေဘိုခရိုင်ဖြစ်ပြီး အနည်းဆုံးက တမူးခရိုင်ဖြစ်ပါတယ်။  စားသောက်ကုန်ပေးဝေရာမှာ ငွေကြေးမကောက်ခံဖို့ နိုင်ငံတော်ကလည်း ထုတ်ပြန်ထားသလို မြို့နယ်အလိုက် ညွှန်ကြားထားတာတွေလည်း ရှိပါတယ်။ အခုငွေကြေးကောက်ခံတာက သယ်ယူစရိတ်အတွက်ကောက်ခံတာလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024