ဥရောပကော်မရှင်က ကပ်ဘေးနာလန်ထူရေး အဆိုပြုချက် ပါလီမန်ကို တင်မည်

ဓာတ်ပုံ-ရိုက်တာ
847
ရင်းနှီးမြှုပ်နှံမှု အသစ်တွေ၊အကြွေးဆပ်နိုင်အားနဲ့ ကျန်းမာရေးအစီအစဉ်တွေ အပြင် ဥရောပ သမဂ္ဂရဲ့ပြန်ရငွေ အသစ်တွေအတွက် ကမ်းလှမ်းချက်တွေပါတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ပြန်လည် နာလန်ထူရေး အဆိုပြုချက်ကို ဥရောပကော်မရှင်က အဆိုတင်မယ်လို့ ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က မေလ ၁၃ ရက်မှာ ပြောပါတယ်။
ပြန်လည် နာလန်ထူရေးစီမံကိန်းထဲမှာ အီးယူရဲ့အသားတင် ကာလရှည် ရသုံးမှန်းခြေ ငွေစာရင်းလည်း ပါတယ်။
ဒါပေမယ့် ပြန်လည် နာလန်ထူရေး အစီအစဉ်ထဲက ငွေတွေက ဘယ်လိုသုံးမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ လွှတ်တော်က ထိန်းချုပ်ထားတဲ့ ရသုံးမှန်းခြေ ငွေစာရင်းကနေ ပေးမယ်လို့ အာဆူလာက ဥရောပပါလီမန်မှာ ပြောပါတယ်။
ငွေပမာဏကိုတော့ သူက မပြောခဲ့ပေမယ့် ဒီငွေတွေကို ဥရောပ အစိုးရတွေရဲ့ အာမခံချက်နဲ့ ကော်မရှင်က ဈေးကွက် မြှင့်တင်ပေးမယ်မှာ ဖြစ်ပြီး ကူးစက်ကပ်ဘေး အဆိုးဆုံး ခံခဲ့ရတဲ့ အလိုအပ်ဆုံး နေရာတွေမှာ သုံးမယ်လို့ သူက ဆက်ပြောပါတယ်။
ပိုပြီး ခံနိုင်ရည်ရှိတဲ့ စီးပွားရေးကို ဖန်တီးဖို့၊ စီးပွားရေး လုပ်ငန်းတွေကို ဒစ်ဂျစ်တယ် ပုံပြောင်းပြီး ကွန်ပြူတာစနစ်နဲ့ အလုပ်လုပ်နိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို မထိခိုက်အောင် လုပ်ဖို့ စတဲ့ ဥရောပ မူဝါဒတွေနဲ့ လိုက်လျောညီထွေဖြစ်မယ့် ပြုပြင်ပြောင်းလဲရေးနဲ့ လူထု ပါဝင် ရင်းနှီးမြှုပ်နှံမှုတွေ အဓိက ဧရိယာတွေမှာ အစိုးရတွေကို ကူညီဖို့ ဒီငွေက ရည်မှန်းထားတယ်လို့ လည်း ဥရောပကော်မရှင် ဥက္ကဋ္ဌ ပြောပါတယ်။