မက္ကဆီကိုနယ်စပ်မှ နှစ်နိုင်ငံသား ခံယူထားသူများ ပြန်ဝင်လာမည်ကို အမေရိကန်စိုးရိမ်

ဓာတ်ပုံ-ရိုက်တာ
884
မက္ကဆီကိုနိုင်ငံမှာ COVID-19 ကပ်ဘေးပိုဆိုးလာရင် အမေရိကန်-မက္ကဆီကို နှစ်နိုင်ငံသား ခံယူထားသူတွေ နိုင်ငံထဲ ပြန်ဝင်လာမှာကို စိုးရိမ်ရတယ်လို့ အမေရိကန်တာဝန်ရှိသူတွေ ပြောပါတယ်။
အမေရိကန် အမိမြေလုံခြုံရေးဌာနတာဝန်ရှိသူတွေက ဒီနှစ်နိုင်ငံသားခံယူထားသူတွေကို ပိတ်ပင်ဖို့ သို့မဟုတ် နယ်စပ်ရေးရာ ကိစ္စတွေမှာ အပြောင်းအလဲတွေလုပ်ဖို့ မရှိသေးဘူး ဆိုပါတယ်။
လက်ရှိမှာ ကနေဒါနဲ့ မက္ကဆီကို နယ်စပ်ကို မလိုအပ်ဘဲ ခရီးသွားလာဖြတ်သန်းခွင့် မပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပိတ်ပင်ထားပြီးသားပါ။
မက္ကဆီကိုနယ်စပ်နဲ့ ဆယ်မိုင်ပဲဝေးတဲ့ ကာလီဖိုးနီးယားပြည်နယ် ချူလာဗစ်စတာက ဆေးရုံ တွေမှာ COVID-19 အတည်ပြု လူနာဦးရေရဲ့ သုံးပုံတပုံဟာ ပြီးခဲ့တဲ့အပတ်က နယ်စပ်ကို ဖြတ်ကျော်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံသား တစ်သန်းခွဲ လောက်ဟာ မက္ကဆီကိုနိုင်ငံထဲမှာ နေထိုင်နေပြီး အတော်များများဟာ အငြိမ်းစားဝန်ထမ်းတွေ ဖြစ်တယ်ဆိုပါတယ်။