တရုတ်အွန်လိုင်းကုန်စုံဆိုင် Dada Nexus ရှယ်ယာထုတ်ရောင်းနိုင်ရန် IPOလျှောက်ထား

ဓာတ်ပုံ-ရိုက်တာ
722
တရုတ်အွန်လိုင်းကုန်စုံဆိုင်လုပ်ငန်း Dada Nexus ဟာ ပုဂ္ဂလိကပိုင်ကုမ္ပဏီအဖြစ်ကနေ အများပိုင်ကော်ပိုရေးရှင်းအဖြစ် ရှယ်ယာတွေ ထုတ်ရောင်းနိုင်မယ့်လုပ်ငန်းစဉ် IPO ကို အမေရိကန်နိုင်ငံမှာ လျှောက်ထား လိုက်ပါတယ်။
ဒါဟာ Kingsoft Cloud Holdings လုပ်ငန်းက IPOကို ဗွေဆော်ဦး လျှောက်ထားအပြီး Dada Nexus က နောက်ဆုံးပေါ် IPO လျှောက်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။
Dada ဟာ တရုတ်အီလက်ထရောနစ် စီးပွားရေးလုပ်ငန်း JD.com နဲ့ ဖက်စပ်ကုမ္ပဏီလည်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖိုးအထိ ရှယ်ယာတွေကို သတ်မှတ်ထားပြီး ရှယ်ယာ ဘယ်လောက် ထုတ်ရောင်းမယ်ဆိုတာ မဖော်ပြရသေးပါဘူး။
မနှစ်ကတော့ Dada ဟာ လူထုကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ရှယ်ယာတွေ ထုတ်ရောင်းဖို့ စဉ်းစားနေတယ်လို့ မီဒီယာတွေက ရေးပါတယ်။
အင်္ဂါနေ့က တရားဝင် တင်ပြချက်အရ Dada ရဲ့ရန်ပုံငွေတွေဟာ အဓိက ရှယ်ယာရှင်တွေဖြစ်တဲ့ Sequoia Capital နဲ့ JD Sunflower Investment လုပ်ငန်းတို့နဲ့ ပတ်သက် နေပါတယ်။
လောလောဆယ်မှာ Dada ဟာ JD-Daojia လက်လီအရောင်းလုပ်ငန်းနဲ့ Dada Now လက်လီအိမ်အရောက်ပို့စနစ်တို့ကို လုပ်ငန်းလည်ပတ် လုပ်ဆောင်နေပါတယ်
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ကမ္ဘာ့စီးပွားရေး ထိုးကျနေချိန်မှာ အရင်အပတ်က Kingsoft' ရဲ့ ရှယ်ယာတွေ ၂၅ ရာခိုင်နှုန်း တက်လာပြီး ကုမ္ပဏီဟာလည်း အမေရိကန်ဒေါ်လာ သန်း ၅၁၀ ဖိုး လူထုကို ရှယ်ယာ ထုတ်ရောင်း နိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က Dada Nexus ကုမ္ပဏီဟာ အမေရိကန်လက်လီရောင်းလုပ်ငန်း ဝေါလ်မတ်နဲ့ ဂျေဒီ ဒေါ့ကွန်းတို့ဆီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖိုး ရှယ်ယာ ဝယ်ခဲ့ပါတယ်။